ABC
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်တဲ့ ၂ရ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်း ပြိုင်ပွဲမှာ လေလောဆယ် မြန်မာက ဆုတံဆိပ်တွေ အများဆုံးရရှိပြီး ထိပ်ဆုံးနေရာမှာရောက်နေပါတယ်။
တနင်္ဂငွေနေ့က ကျင်းပခဲ့တဲ့ တရုတ်ရိုးရာ ၀ူရှူ အားကစားပြိုင်ပွဲမှာလည်း မြန်မာကအနိုင်ရရှိခဲ့ပြီး ရွှေတံဆိပ်ရရှိခဲ့ပါတယ်။
စနေနေ့က ဘောလုံးအားကစားပြိုင်ပွဲမှာ မြန်မာနဲ့ ကမ္ဘောဒီးယားတို့ ယှဉ်ပြိုင်ခဲ့ကြပြီးတော့ အိမ်ရှင်အသင်းဖြစ်တဲ့ မြန်မာကပဲ သုံးဂိုး - ဂိုးမရှိနဲ့ ကမ္ဘောဒီးယားအသင်းကို အနိုင်ရရှိသွားခဲ့ပါတယ်။
ဆီးဂိမ်းပြိုင်ပွဲ ပထမနေ့က ကျင်းပခဲ့တဲ့ မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲမှာလည်း မြန်မာက ရွှေတံဆိပ်ရရှိခဲ့ပါတယ်။
ဒီနေ့မှာတော့ မြန်မာဘောလုံးအသင်းက အရှေ့တီမောအသင်းနဲ့ ကန်ရမှာဖြစ်ပြီးတော့ ကမ္ဘောဒီးယား အသင်းကတော့ အင်ဒိုနီးရှားအသင်းနဲ့ ကန်ရမှာဖြစ်ပါတယ်။
အခုလောလောဆယ်မှာတော့ မြန်မာက ရွှေရှစ်ခု၊ ငွေနှစ်ခုနဲ့ ကြေးသုံးခုရရှိခဲ့ပြီး ဆုတံဆိပ်အမှတ်စာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။

No comments:
Post a Comment