Saturday, December 7, 2013

နေ​ပြည်​တော်​ဆီး​ဂိမ်း ​ဒေ​သ​ခံ ​ပ​ရိ​သတ်​အား​ပေး​ခြင်း ​မ​ရှိ

DVB

နေ​ပြည်​တော်​မှာ ​ကျင်း​ပ​နေ​တဲ့ ​ဆီး​ဂိမ်း​အား​က​စား​ပြိုင်​ပွဲ ​အ​ကြို​ပွဲ​စ​ဉ်​တွေ​မှာ ​ဒေ​သ​ခံ ​ပ​ရိ​သတ်​တွေ ​လာ​ရောက် ​အား​ပေး​ခြင်း​မ​ရှိ​ဘဲ ​အ​များ​စု​က ​နိုင်​ငံဝန်​ထမ်း​တွေ​နဲ့​ ​ကျောင်း​သား​တွေ​ပဲ ​လာ​ရောက် ​အား​ပေး​ကြည့်​ရှု​နေ​ကြ​ပါ​တယ်။

မြန်​မာ​နိုင်​ငံ​က ​အိမ်​ရှင်​အ​ဖြစ် ​လက်​ခံ​ကျင်း​ပ​နေ​တဲ့​ ​ဆီး​ဂိမ်း​ပြိုင်​ပွဲ ​တ​ရား​၀င် ​စ​တင် ​ဖွင့်​လှစ်​ခြင်း ​မ​ရှိ​သေး​ပေ​မယ့်​ ​အ​ကြို​အား​က​စား​ပြိုင်​ပွဲ​တွေ​ကို ​လွန်​ခဲ့​တဲ့ ၃ ​ရက်​လောက်​က​တည်း​က ​နေ​ပြည်​တော်​မှာ ​စ​တင်​ကျင်း​ပ​နေ​ရာ​မှာ ​ဒေ​သ​ခံ​ပ​ရိ​သတ်​တွေ​ရဲ့​ ​အား​ပေး​မှု ​နည်း​ပါး​နေ​တာ​ကို ​မြင်​တွေ့​ရ​တာ ​ဖြစ်​ပါ​တယ်။

ဒေ​သ​ခံ​တွေ ​လာ​ရောက်​အား​ပေး​ခြင်း ​မ​ရှိ​တဲ့ ​အ​ကြောင်း​ရင်း​တွေ​နဲ့​ပတ်​သက်​ပြီး​ ​နေ​ပြည်​တော်​မှာ ​သ​တင်း​ယူ​နေ​တဲ့ ​အား​က​စား​က​လောင်​ရှင် ​ဦး​စိုး​ညီ​က “​ကျင်း​ပ​တဲ့ ​ကွင်း​တွေ​က ​မြို့​တွေ ​လူ​နေ​ရပ်​ကွက်​တွေ​နဲ့ ဝေး​တယ်။ ​အဲ​ဒါ ​ပ​ထ​မ​အ​ချက်​ပါ။ ​နောက်​တ​ခု​က ၀ါ​သ​နာ​ပါ​လို့ ​လာ​မယ်​ဆို​ရင်​လည်း ​လုံ​ခြုံ​ရေး​က ​အ​ရမ်း​တင်း​ကျပ်​ပါ​တယ်။ ​ဒု​တိ​ယ​အ​ချက်​က ​ကတ်​ပြား​ဆွဲ​ဖြုတ်​ပစ်​ပါ​တယ်။ ​ကား​တွေ ​ပေး​မ၀င်​ပါ​ဘူး​။ ​နောက်​တ​ချက်​က ​ပြိုင်​ပွဲ​မ​တိုင်​ခင်​မှာ ​ဘယ်​နေ့​မှာ ​ဘယ်​ပြိုင်​ပွဲ ​ကျင်း​ပ​မယ်၊ ​ဘယ်​လို​စိတ်ဝင်​စား​ဖို့​ကောင်း​တယ်၊ ​မြန်​မာ​တွေ​ကေ​ရွှ​တွေ​ရ​နိုင်​မယ်၊ ​အောင်​မြင်​နိုင်​မယ်​ဆို​တာ​မျိုး ​ပြော​တာ ​မ​ရှိ​ပါ​ဘူး​။ ​အဲ​ဒီ​အ​ချက်​တွေ​ကြောင့်​လို့ ​ကျ​နော်​ထင်​ပါ​တယ်” ​လို့ ​ပြော​ပါ​တယ်။

အား​က​စား​ပြိုင်​ပွဲ​တွေ​ကို ​ပြည်​တွင်း​ရုပ်​မြင်​သံ​ကြား​ဌာ​န​တွေ​က ​တိုက်​ရိုက် ​ထုတ်​လွှင့်​တာ ​ကြောင့် ​တီ​ဗွီ​က​ကြည့်​တဲ့ ​ပ​ရိ​သတ်​ပို​များ​တာ​လည်း ​အ​ကြောင်း​တ​ချက် ​ဖြစ်​နိုင်​ပါ​တယ်။

နေ​ပြည်​တော်၊ ​လယ်ဝေး​မြို့​နယ်​နေ ​ဒေ​သ​ခံ​တ​ဦး​က​တော့ ​ပြိုင်​ပွဲ​ကို ​သွား​ရောက် ​အား​ပေး​ခြင်း ​မ​ပြု​နိုင်​တာ​နဲ့ ​ပတ်​သက်​ပြီး ​ခု​လို​ပြော​ပါ​တယ်။

“​ဒေ​သ​ခံ​တွေ​က ​ကြည့်​ပါ​တယ်။ ​မ​ကြည့်​ဖူး ​မ​ဟုတ်​ပါ​ဘူး​။ ​ဒု​တိ​ယ​နေ့ ​ဖွင့်​ပွဲ​မှာ ​လွတ်​လွတ်​လပ်​လပ် ​ကြည့်​ခွင့်​ပြု​တယ်​လို့ ​ပြော​တော့ ​သွား​ကြ​ပါ​တယ်။ ​သွား​တဲ့​အ​ခါ​ကြ​တော့ ​လူ​တွေ​က ​တိုး​ကြိတ် ​လူ​တွေ​လဲ​ပြို​ပြီး​တော့ ​က​လေး​တွေ ​လူ​ကြီး​တွေ​ကို ​ဆွဲ​ထုတ်​ကြ​ရ​တယ်။ ​အဲ​ဒီ​သ​တင်း​တွေ​ကြား​လေ၊ ​သွား​လိုက်​ရင် ​အ​န္တ​ရာယ်​ပဲ ​ရှိ​တယ်​ဆို​တာ​ကြောင့် ​မ​သွား​ကြ​တာ​ပါ။ ​အဲ​ဒါ​ကြောင့် ​ဒေ​သ​ခံ​ကို ​ဘယ်​လို​ပဲ​ပြော​ပြော ​ကျ​နော်​တို့​က ​တီ​ဗွီ​က​နေ​ပဲ ​ထိုင်​ကြည့်​တယ်​ဗျာ။ ​နောက် ​အယ်လ်​အီး​ဒီ​တွေ ​လုပ်​ထား​တာ ​လယ်ဝေး​မှာ ၂ ​ခု​ရှိ​တယ်​ဗျာ။ ​ဘော​လုံး​ကွင်း​ထဲ​မှာ​တ​ခု၊ ​ထိပ်​တန်း​မှာ ​တ​ခု ​အဲ​ဒါ​ကို ​အား​တဲ့​အ​ချိန်​သွား​ကြည့်​တယ်။”

၂၇ ​ကြိမ်​မြောက် ​ဆီး​ဂိမ်း​အား​က​စား​ပြိုင်​ပွဲ​ကို ​လာ​မယ့် ​ဒီ​ဇင်​ဘာ ၁၁ ​ရက်​နေ့​မှာ ​တ​ရား​၀င် ​အ​ခမ်း​အ​နား​နဲ့ ​စ​တင်​ဖွင့်​လှစ်​ဖို့ ​ရှိ​ပြီး ၂၂ ​ရက်​နေ့​ထိ ​ဒေ​သ​တွင်း ၁၁ ​နိုင်​ငံ​က ​ထောင်​နဲ့ ​ချီ​တဲ့ ​အား​က​စား​သ​မား​တွေ ​ပါဝင် ​ယှ​ဉ်​ပြိုင်​ကြ​ဖို့ ​ရှိ​နေ​တာ ​ဖြစ်​ပါ​တယ်။

ဒီ​နေ့​အ​ထိ ​ပြိုင်​ပွဲဝင်​အား​က​စား​သ​မား​ပေါင်း ၆ ​ထောင်​ကျော် ​ရောက်​ရှိ​နေ​ပြီး ​ထိုင်း​က​စား​သ​မား​တွေ​က ​အ​များ​ဆုံး ​ဖြစ်​ပါ​တယ်။ ​ရုပ်​သံ​သ​တင်း​သ​မား​တွေ​အ​ပါ​အ၀င် ​သ​တင်း​မီ​ဒီ​သ​မား ၆၀၀ ​ကျာ် ​ရောက်​ရှိ ​သ​တင်း​ယူ​နေ​ကြ​တယ်​လို့​လည်း​ ​သက်​ဆိုင်​ရာ​က ​ပြော​ပါ​တယ်။

ပြိုင်​ပွဲ​ကျင်း​ပ​ခဲ့​တဲ့ ​ရက်​တွေ​အ​တွင်း​ ​သ​တင်း​ရ​ယူ​ရေး​နဲ့ ​ပတ်​သက်​ပြီး ​သ​တင်း​စာ ​ရှင်း​လင်း​ပွဲ​တ​ခု​လဲ ​နေ​ပြည်​တော်​မှာ ​ဒီ​နေ့ ​ပြု​လုပ်​ခဲ့​ပါ​တယ်။

ဒီ​အ​ကြောင်း​ကို ​ဦး​စိုး​ညီ​က “​ဒီ​နေ့​လုပ်​တဲ့​ပွဲ​က ​ဘာ​ကို ​အ​ဓိ​က​ထား ​ပြော​လဲ​ဆို​တော့ ​လက်​ရှိ ​ပြိုင်​ပွဲ​က​လည်း ​ဒီ​နေ့​ဆို ၃ ​ရက်​မြောက် ​ရှိ​သွား​ပြီ၊ ​ပ​ထ​မေ​ရှ့ ၂ ​ရက်​မှာ ​အ​ဆင်​မ​ပြေ​တာ​လေး​တွေ​လည်း ​ရှိ​ခဲ့​တယ်။ ​မီ​ဒီ​ယာ​သ​မား​တွေ​လည်း ​များ​တယ်။ ​ဓာတ်​ပုံ​ရိုက်​လို့ ​မ​ရ​တာ​တို့ ​ဘာ​တို့ ​အဲ​ဒီ​လို ​အ​ခက်​အ​ခဲ​လေး​တွေ​နဲ့ ​ပတ်​သက်​လို့ ​ပြော​တာ​ပါ။ ​နောက်​တ​ခု​က ​အီး​ကတ်​ကိုင်​ဆောင်​ထား​တဲ့ ​မီ​ဒီ​ယာ​သ​မား​တွေ​အ​တွက် ​တည်း​ခို​နိုင်​မယ့် ​ဟို​တယ်​တွေ ​ကြေ​ညာ​ပေး​ပါ​တယ်။ ​ဟို​တယ် ၆ ​ခု​ပါ။ ​ဟို​တယ် ၆ ​ခု​မှာ ​မီ​ဒီ​ယာ ​အီး​ကတ်​ကိုင်​ထား​ရင် ​သက်​သာ​တဲ့ ​ဈေး​နှုန်း​နဲ့ ​တည်း​လို့​ရ​မယ်​လို့ ​ပြော​ပါ​တယ်။ ​ဟို​တယ် ၆ ​ခု​မှာ ​အ​ခန်း ၂၆၀ ​စီ​စ​ဉ်​ပေး​ထား​တယ်​လို့ ​ပြော​ပါ​တယ်။ ​နောက် ​ပို့​ဆောင်​ရေး​နဲ့ ​ပတ်​သက်​တဲ့ ​ကိ​စ္စ​တွေ ​ပြော​ပါ​တယ်။ ​ကွင်း​ထဲ​ကို ​ကား​၀င်​ခွင့်​တို့ ​ဘာ​တို့​ကို ​ပြင်​ပ ​ပု​ဂ္ဂ​လိ​က ​မီ​ဒီ​ယာ​အား​လုံး​ကို ​ဘယ်​မီ​ဒီ​ယာ​ကို​မှ ​ထုတ်​မ​ပေး​ပါ​ဘူး​။ ​ကိုယ်​ပိုင် ​အ​စီ​အ​စ​ဉ်​နဲ့ ​သွား​ရ​ပါ့​မယ်။ ​ပြည်​တွင်း ​မီ​ဒီ​ယာ​ကော ​ပြည်​ပ ​မီ​ဒီ​ယာ​ကော​ပါ၊ ​အဲ​ဒါ​ကို ​တ​ရား​၀င်​ပြော​ပါ​တယ်။ ​မီ​ဒီ​ယာ​နဲ့ ​ပတ်​သက်​လို့​ပဲ ​အ​ဓိ​က ​ရှင်း​တာ​ပါ​ခင်​ဗျ။ ​ပြိုင်​ပွဲ​နဲ့ ​ပတ်​သက်​လို့ ​ပြော​တာ​မ​ဟုတ်​ပါ​ဘူး​” ​လို့ ​ပြော​ပါ​တယ်။

ဆီး​ဂိမ်း​ပြိုင်​ပွဲ​ကို ​မြန်​မာ့​ရိုး​ရာ ​ခြင်း​လုံး​အား​က​စား​နဲ့​ ​စ​တင် ​ကျင်း​ပ​ခဲ့​ပြီး​ ​ကျင်း​ပ​ခဲ့​တဲ့ ၂ ​ရက်​အ​တွင်း ​ထိုင်း​ကေ​ရွှ ၂ ​ခု၊ ​ငွေ ၂ ​ခု​နဲ့​ ​နိုင်​ငံ​အ​လိုက် ​ဦး​ဆောင်​နေ​ပြီး ​မြန်​မာ​ကေ​ရွှ ၂ ​ခု​နဲ့ ​ဒု​တိ​ယ​လိုက်​နေ​ပါ​တယ်။

No comments: