နန်းလွင်နှင်းပွင့်
အောက်တိုဘာ၂၁ ရက်က စတင်ဖြစ်ပွားခဲ့သော အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့၏ မန်စီမြို့ နယ် တိုက်ပွဲအတွင်း တောလမ်းမှ စစ်ဘေးပြေးရှောင်ကာ တရုတ်နယ်မြေသို့ ရောက်ရှိသွားသော ဒုက္ခ သည် ၃၀၀ကျော်သည် ဒီဇင်ဘာ ၄ရက်နံနက်ပိုင်းတွင် ကချင်ပြည်နယ် ဒုက္ခသည်စခန်းများသို့ ပြန်လည် ရောက်ရှိလာပြီဟု မန်ဝိုင်းကြီး ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူ ဖာသာခါးလိက မဇ္ဈိမသို့ အတည်ပြု ပြောဆိုသည်။
“ပြန်လာတဲ့သူတွေ ဘုမ်စစ်ပါ (ဒုက္ခသည်စခန်း) ကို ရောက်သွားပြီ၊ အဆင်ပြေသွားမှာပါ၊ ကျွန်တော်တို့ မန်ဝိုင်းကြီး ကယ်ဆယ်ရေးစခန်းတွေကို ၀င်လာတဲ့သူ နည်းနည်းလည်း ရှိတယ်၊ ဆယ်ဂဏန်းလောက် ပဲ”ဟု ပြောသည်။
ပြန်လည်ရောက်ရှိလာသည့် ဦးရေ ၃၀၀ ကျော်မှာ ကချင်လွှတ်မြောက်ရေးတပ်မတော်တွင် ကျောင်းတက်နေသည့် ကျောင်းသားမိသားစုဝင်များ အများဆုံး ဖြစ်သည်ဟု ဆိုသည်။
ဘုမ်စစ်ပါသို့ ရောက်ရှိလာသည့် ဒုက္ခသည် ၃၀၀ ကျော်တို့နှင့် ပတ်သက်၍ ဗန်းမော်မြို့နယ် ကရုဏာ ကတ်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်း ပြောရေးဆိုခွင့်ရှိသူကိုနော်ဒင့်ကလည်း “မနက်က ဘုမ် စစ်ပါဘက်မှာ တရုတ်ဘက်ရောက်သွားတဲ့ ဒုက္ခသည်တွေ တရုတ်က ပြန်ပို့လိုက်လို့ ရောက်လာတယ်၊ အခုတော့ ကချင်တပ်ဘက်ထဲကပဲ ခေါ်ထားလား သေချာမသိသေးဘူး၊ ကချင်နယ်မြေထဲ ရောက်နေပြီ ဆိုတော့ စိတ်အေးရပါပြီ”ဟု ပြောသည်။
တရုတ်ပြည်သို့ ရောက်ရှိသွားသည့် ထိုလူဦးရေ ၃၀၀ ကျော်တို့မှာ တောလမ်းများမှ မန်ဝိုင်းကြီး ကယ် ဆယ်ရေးစခန်းများသို့ ပြေးလာရင်း လမ်းမှားကာ တရုတ်နယ်မြေအတွင်း ရောက်သွားခြင်းဖြစ်နိုင်ပြီး ဘုမ် စစ်ပါနှင့် မန်ဝိုင်းကြီးကြားတွင် တရုတ်နယ်မြေ ကြားခံနေသည်ဟု ကိုနော်ဒင့်က ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက “အဲ့ဒီနယ်မြေနယ်စပ်တွေ က အစိုးရအနေနဲ့ သွားလို့မရဘူး၊ သူတို့ဘက်က အဖွဲ့အစည်းတွေက ဆက်သွယ်မှ သွားလို့ရမှာ အခုက သတင်းအချက်အလက်လည်း အတိအကျ ကျွန်တော်တို့ မသိရသေးဘူး၊ ကယ်ဆယ်ရေးလုပ်ဖို့ဆိုတာ ကလည်း အဖွဲ့အစည်းတွေနဲ့ ညှိရဦးမှာပါ၊ အဲ့ဒီဘက်နယ်မြေတွေမှာ အဓိကလုပ်နေတာတော့ Local NGO တွေပဲ လုပ်ကိုင်ရတာ အဆင်ပြေမယ်”ဟု ပြောသည်။
ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ကြသည့် ဒေသခံများသည် တောလမ်းများမှ စစ်ဘေးလွတ်ရာ ထွက်ပြေးရင်း တရုတ်နယ်မြေများသို့ ရောက်ရှိကာ ခေတ္တနေထိုင်နေရသူများမှာ ၂၀၁၁ ခုနှစ် သြဂုတ်လ ပိုင်းတွင်လည်း ရှိခဲ့ပြီး တရုတ်မှ ယခုကဲ့သို့ မြန်မာစစ်ပြေးဒုက္ခသည်များအား မြန်မာနိုင်ငံအတွင်းသို့ ပြန် လည်ပို့ဆောင်ခြင်းရှိသည်ဟု ကိုနော်ဒင့်က ပြောသည်။
မန်စီမြို့နယ်တွင်း နယ်မြေများမှာ KIA တပ်မဟာ (၃) နယ်မြေများဖြစ်ပြီး၊ အစိုးရနှင့် ကချင်လွတ်လပ် ရေးအဖွဲ့တို့ သဘောတူညီမှုရရှိပြီး လမ်းကြောင်းနားလည်ရန် အစိုးရတပ်မတော်ဘက်မှ အောက်တိုဘာ လ ၂၁ ရက်တွင် စတင်ဝင်ရောက်လာရာ အောက်တိုဘာ ၂၂ ရက်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ သည်။
တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းကြောင့် ရွာ ၁၂ ရွာမှ ဒေသခံများ ထွက်ပြေးခဲ့ရကာ ပြည်တွင်းတွင် စစ် ပြေးဒုက္ခသည် ၄,၀၀၀ ကျော်အထိရှိခဲ့ပြီး ယခုထိ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေဆဲဖြစ်သည်။
No comments:
Post a Comment