Tuesday, December 10, 2013

ဒေါ်အောင်ဆန်းစုကြည် ကာတာ ကျန်းမာရေးညီလာခံ တက်ရောက်

ABC

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​ကျန်းမာရေး ​ဆိုင်ရာအပြောင်းအလဲ ​ညီလာခံကို ​တက်ရောက်ဖို့အတွက် ​ကာတာနိုင်ငံမှာရောက်ရှိနေပြီး ​ဒီကနေ့မှာတော့ ​မြန်မာနိုင်ငံရဲ့ ​ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ပတ်သက်ပြီး ​ပြောဆိုဆွေးနွေးသွားဖို့ ​ရှိပါတယ်။

ကာတာနိုင်ငံ ​Qatar ​Foundation ​က ​ဦးစီးကျင်းပတဲ့ ​World ​Innovation ​Summit ​for ​Health ​(WISH) ​ညီလာခံကို ​တက်ရောက်ဖို့အတွက် ​ကာတာ ​မိဖုရားက ​ဒေါ်အောင်ဆန်းစုကြည်ကို ​ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်လို့ ​အဖွဲ့ချုပ်ရဲ့ ​ကြေညာချက်ထဲမှာ ​ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံ၏ ​ကျန်းမာရေးစောင့်ရှောက်မှုစနစ် ​ပြောင်းလဲခြင်းဆိုင်ရာ ​စိန်ခေါ်မှုများ” ​ဆိုတဲ့ ​ခေါင်းစဉ်နဲ့ ​ပတ်သက်ပြီးတော့ ​ဒေါ်အောင်ဆန်းစုကြည်က ​မိန့်ခွန်း ​အမှာစကား ​ပြောကြားမှာဖြစ်သလို ​ကျန်းမာရေးဆိုင်ရာ ​ဆွေးနွေးပွဲတွေနဲ့ ​ကျန်းမာရေးဆိုင်ရာ ​တီထွင်ဖန်တီးမှုပြပွဲတွေကို ​တက်ရောက်ဖို့ ​ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ​ကာတာနိုင်ငံက ​ကျန်းမာရေးဆိုင်ရာ ​ညီလာခံကို ​တက်ရောက်အပြီး ​ဒီဇင်ဘာလ ​၁၂ရက်မှာ ​မြန်မာနိုင်ငံကို ​ပြန်ရောက်လာမှာ ​ဖြစ်ပါတယ်။

No comments: