Khonumthung
ပြီးခဲ့တဲ့ ဒီဇင်ဘာလ လယ်လောက်က စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကျပ်ငွေ သိန်း ၄၀၀ ကျော်တန်ဖိုးရှိ တရားမ၀င်တင်ဆောင်လာသော နံ့သာနီများ နှင့် အိန္ဒိယ ထုတ်ဆေးဝါး များကို မြို့နယ်ရဲတပ်ဖွဲ့ မှ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
သက်ဆိုင်ရာ ရဲတပ်ဖွဲ့သည် သတင်းအရ ကလေးမြို့မှ မုံရွာမြို့သို့ထွက်ခွါမည့်မော်တော်ယာဉ် တစ်စီးကို တားပြီး စစ်ဆေးခဲ့ရာ ကားပေါ်တွင် နံ့သာနီသစ် ဆိုက်စုံအချောင်း ၄၀၊ တန်ဖိုးအားဖြင့် ကျပ်ငွေ ၄၃၆၀၆၀၀၀ ဖိုးနဲ့အတူ ကားသမားပါ ဖမ်းဆီးခဲ့သော်လည်း ပိုင်ရှင်ကိုမှု မဖမ်းဆီးနိုင်ကြောင်း သိရသည်။
ဆက်လက်ပြီး အဲဒီကားထဲမှာပဲ အိန္ဒိယနိုင်ငံထုတ် ကွမ်းစားဆေး HALCHAL တန်ဖိုးအားဖြင့် ကျပ်ငွေ ၂၄၈၂၀၀၀ ၊ DICLOMAX ခေါ်အကိုက်အခဲပျောက်ဆေး တန်ဖိုးအားဖြင့် ကျပ်ငွေ ၁၀၅၀၀၀၀၊ GENTINA မျက်စဉ်းဆေး တန်ဖိုးအားဖြင့် ကျပ် ၁၆၂၀၀ တန်တို့ကိုလည်း တပါတည်း ဖမ်းဆီးခဲ့တယ်လို့ ကလေးမြို့ မီဒီယာ သတင်းတွင် ဖော်ပြတယ်။
အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှာ အမှတ်(၁) တမူး-မိုးရေး လမ်းဖြစ်ပြီး အမှတ် (၂) လမ်းကြောင်းမှာ ချင်းပြည်နယ်မှ တဆင့် မီဇိုရမ်ပြည်နယ်ဆက်သွယ် သည့် လမ်းဖြစ်ပြီး အဆိုပါ တရားဝင်ပစ္စည်းတွေကို အဆိုပါလမ်း ကြောင်းများမှ သယ်ဆောင်လာဖွယ်ရှိသည်ဟု ပြောကြသည်။
အဓိကလမ်းကြောင်းနှစ်ခုတွင် မြန်မာနိုင်ငံမှ ဥပဒေနဲ့မလွှတ်ကင်းသော ဘိန်းဖြူ၊ လက်နက်၊ စသည့်အရာများကို အိန္ဒိယနိုင်ငံဘက်ကို တင်သွင်းကြတာဖြစ်ပြီး အိန္ဒိယနိုင်ငံဘက်ကနေ လည်း တရားမ၀င် နံ့သာနီ၊ မူးယစ်စေနိုင်သော ဆေးဝါးအမျိုးမျိုး စသဖြင့် အပြန်အလှန် တင်ပို့ကုန်သွယ် နေကြတာဖြစ်သည်။

No comments:
Post a Comment