Tuesday, December 10, 2013

အကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူ ၃ဦး ထောင်ဒဏ်ချမှတ်ခံရ

ABC

ရခိုင်ပြည်နယ် ​မြောက်ဦးမြို့နယ်မှာ ​၂၀၁၂ ​ခုနှစ် ​အောက်တိုဘာလထဲမှာ ​ဖြစ်ပွားခဲ့တဲ့ ​အကြမ်းဖက်မှုတွေနဲ့ ​ပတ်သက်ပြီး ​ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ​ရခိုင်လူမျိုး ​၈ ​ဦးထဲက ​သုံးဦးကို ​အလုပ်ကြမ်းနဲ့ ​ထောင်ဒဏ်တွေ ​ချမှတ်လိုက်ပြီး ​ကျန် ​၅ ​ဦးကိုတော့ ​တရားရုံးက ​လွတ်ပေးလိုက်တယ်လို့ ​သိရပါတယ်။

စစ်တွေ ​ခရိုင် ​တရားရုံးကနေ ​မနေ့က ​အမိန့်ချမှတ်ခဲ့တာနဲ့ ​ပတ်သက်ပြီး ​အမှုကို ​လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ​တရားလွတ်တော်ချူပ်ရှေ့နေက ​အခုလို ​ပြောပါတယ်။

မောင်သိန်းနဲ့ ​မောင်ကျော်လှိုင်တို့ကိုတော့ ​ပြစ်မှုဆိုင်ရာ ​ဥပဒေ ​ပုဒ်မ ​၃၀၂ ​အရ ​အလုပ်နဲ့ ​ထောင်ဒဏ် ​၁၀ ​နှစ်စီ ​၊ ​မီးရှို့မှုနဲ့ ​ဦးစိုးဖြုကို ​ရုန်းရင်းဆန်ခတ်မှုမှာ ​ပါဝင်တယ်ဆိုတဲ့ ​အကြောင်းနဲ့ ​ထောင်ဒဏ် ​၂ ​နှစ် ​ချမှတ်ခဲ့ပါတယ်။ ​ဇော်မိုးထွန်း၊ ​ညီပု၊ ​ကိုဇော်မင်းနိုင်၊ ​ဦးတင်လှ ​၊ ​ဦးအောင်ကျော်စိန်၊ ​ဦးပြည်သိန်းအောင် ​တို့ကို ​အပြစ်မရှိဘူးလို့ ​တရားသေလွတ်တဲ့ ​အမိန့်ကို ​ချမှတ်ခဲ့ပါတယ်။

မြောက်ဦးမြို့နယ် ​ရိုင်းသဲကျေးရွာမှာ ​ပြီးခဲ့တဲ့နှစ်တုန်းက ​အကြမ်းဖက် ​ပဋ္ဋိပက္ခ ​ဖြစ်ပွားခဲ့တာတွေနဲ့ ​ပတ်သက်ပြီး ​ရိုင်းသဲကျေးရွာအပါအ၀င် ​အနီးနားမှာရှိတဲ့ ​ကျေးရွာ ​၃ ​ရွာက ​ဒေသခံ ​၈ ​ဦးကို ​၂၀၁၂ ​ခုနှစ် ​ဒီဇင်ဘာလထဲမှာ ​ဒေသခံရဲတပ်ဖွဲ့ကနေ ​ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ​တရားစွဲဆိုခဲ့တာ ​ဖြစ်ပါတယ်။

ထောင်ဒဏ် ​အသီးသီးချမှတ်ခံရသူတွေရဲ့ ​မိသားစုဝင်တွေအနေနဲ့ ​အခုလို ​ပြစ်ဒဏ်ချမှတ်ခံရမှု ​အပေါ် ​အယူခံဝင်ချင်မယ်ဆိုရင် ​အထက်တရားရုံးကို ​ဆက်အယူခံဝင်နိုင်မှာ ​ဖြစ်ကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ ​ထားပါတယ်။

No comments: