Friday, December 6, 2013

သမ္မတ ဦးသိန်းစိန်နဲ့ ဖိလိပိုင် သမ္မတတို့ တွေ့ဆုံဖို့ရှိ

ABC

မြန်မာနိုင်ငံ ​သမ္မတ ​ဦးသိန်းစိန်ရဲ့ ​ဖိလိပိုင်နိုင်ငံ ​ခရီးစဉ်အတွင်း ​ဖိလိပိုင်သမ္မတ ​Benigno ​Aquino ​နဲ့ ​တွေ့ဆုံဖို့ ​ရှိသလို ​နှစ်နိုင်ငံကြား ​သဘောတူညီမှု ​စာချုပ်လက်မှတ် ​ရေးထိုးပွဲ ​အခမ်းအနားကိုလည်း ​တက်ရောက်ဖို့ ​ရှိပါတယ်။

သမ္မတရဲ့ ​သုံးရက်ကြာ ​ဖိလိပိုင်နိုင်ငံ ​ခရီးစဉ်အတွင်း ​ကုန်သွယ်ရေးနဲ့ ​စိုက်ပျိုးရေးဆိုင်ရာ ​သဘောတူညီမှုအပါအဝင် ​ဖိလိပိုင်နိုင်ငံသားတွေ ​ပြည်ဝင်ခွင့်ဗီဇာမလိုပဲ ​မြန်မာနိုင်ငံကို ​လာရောက်နိုင်ဖို့ ​သဘောတူ ​လက်မှတ်ရေးထိုးမှာ ​ဖြစ်ပါတယ်။

ဇွန်လတုန်းက ​မြန်မာနိုင်ငံမှာ ​ကျင်းပခဲ့တဲ့ ​ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ​တက်ရောက်ဖို့အတွက် ​ဖိလိပိုင်နိုင်ငံ ​သမ္မတက ​မြန်မာနိုင်ငံကို ​လာရောက်လည်ပတ်ခဲ့ပြီး ​ဖိလိပိုင်နိုင်ငံကိုလည်း ​လည်ပတ်ဖို့ ​သမ္မတ ​ဦးသိန်းစိန်ကို ​ဖိတ်ခေါ်ခဲ့တာကို ​တုန့်ပြန်တဲ့အနေနဲ့ ​သမ္မတက ​ဖိလိပိုင်နိုင်ငံကို ​ဗုဒ္ဓဟူးနေ့ကတည်းက ​ရောက်ရှိနေတာ ​ဖြစ်ပါတယ်။

နောက်တကြိမ် ​ကျင်းပမယ့် ​ကမ္ဘာ့စီးပွားရေး ​ညီလာခံကို ​ဖိလိပိုင်နိုင်ငံက ​အိမ်ရှင်အဖြစ် ​ကျင်းပမှာ ​ဖြစ်ပါတယ်။

No comments: