နီနီမြင့်
မြန်မာနိုင်ငံတွင် စာသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ဥပဒေမူကြမ်းအဆင့်သာရှိသေးပြီး ထိုမူကြမ်း သည်လည်း ထပ်မံဖြည့်စွက်ရန်နှင့် လိုအပ်ချက်များ ရှိနေသေးသည့်အတွက် အစိုးရ၊ အရပ်ဘက် အဖွဲ့ အစည်းများ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် နယ်ပယ်အသီးသီးမှ ပညာရှင်များက တိုက်တွန်းလိုက် သည်။
“ပြည်သူတွေအနေနဲ့ စားသုံးသူကာကွယ်ရေးနဲ့ပတ်သက်ပြီး ဗဟုသုတရှိဖို့ လိုအပ်သလို၊ သက်ဆိုင်ရာ စိုက်ပျိုးသူတွေ၊ ကုန်ကြမ်းထုတ်လုပ်သူတွေဘက်ကလည်း ဗဟုသုတရှိဖို့လိုတယ်။ မူကြမ်းအဆင့်အထိ ပဲရှိသေးတဲ့ ဥပဒေမှာလဲ တကယ်ထိရောက်တဲ့ အချက်အလက်တွေ ထပ်မံဖြည့်သွင်းပြီး အတည်ပြုဖို့လို ပါတယ်”ဟု မြန်မာအစိမ်းရောင်ကွန်ရက်မှ တာဝန်ခံ ဒေါ်ဒေ၀ီသန့်စင်က ပြောသည်။
မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် အာဆီယံ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက် (ASEAN Free Trade Agreement–AFTA)အမီ ဒေသတွင်းနိုင်ငံများနည်းတူ အစားအသောက်ထုတ်လုပ်မှု၊ ဘေး အန္တရာယ်ကင်းရှင်းမှုများအတွက် ကြိုတင်ကြိုးပမ်းကြရန် လိုသည်ဟုလည်း ဒေါ်ဒေ၀ီသန့်စင်က ထောက် ပြ ပြောဆိုသည်။
“အစားအသောက်ထုတ်လုပ်မှုမှာ ကောင်းမွန်တဲ့ စိုက်ပျိုးရေးစနစ်နဲ့ ထုတ်လုပ်ထားတဲ့ဆိုတဲ့ GAP (Good Agriculture Practices) တွေ အညွှန်းကပ်နိုင်ဖို့လည်း အရေးကြီးတယ်”ဟု ဆိုသည်။
စားသုံးသူများကွန်ရက်မှ တာဝန်ခံဦးစိုးထွန်းကမူ “နှစ်ပေါင်းများစွာ တံခါးပိတ်ထားတဲ့ မြန်မာကတော့ တတ်နိုင်သလောက် ကြိုးစားရမှာပဲ။ အမျိုးသားပညာရေးမြှင့်တင်ပေးဖို့က အရေးကြီးသလို၊ ပညာတတ်ပေမယ့်လည်း ကျန်းမာရေးမှမကောင်းရင် အသုံးမ၀င်မဖြစ်အောင် ကျန်းမာရေးကို မြှင့်တင်ပေးဖို့လည်း အရေးကြီးတယ်”ဟု ပြောသည်။
မြန်မာစားသုံးသူများကွန်ရက်အဖွဲ့ကို မြန်မာစားသုံးသူများသမဂ္ဂ၊Myanmar Consumer Education Network နှင့် စားသုံးသူကာကွယ်ရေးအသင်း(မြန်မာ)တို့ ပူးပေါင်းထားခြင်းဖြစ်သည်။ ကွန်ရက်၏ပဏာ မအလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၂ ရက်က ရန်ကုန်မြို့၊ ဆမ်းမစ်ပတ်ခ်ဗျူးဟိုတယ်တွင် ကျင်းပခဲ့သည်။
No comments:
Post a Comment