Monday, December 9, 2013

နိုင်​ငံ​တ​ကာ​ငွေ​ကြေး​ရန်​ပုံ​ငွေ​အ​ဖွဲ့ ​ဆက်​လက် ​အ​ကူ​အ​ညီ​ပေး​မည်

ခွန်​ဘ​သာ

မြန်​မာ​နိုင်​ငံ​ရဲ့​ ​ပြု​ပြင်​ပြောင်း​လဲ​မှု​အ​ပေါ် ​နိုင်​ငံ​တ​ကာ​ငွေ​ကြေး​ရန်​ပုံ​ငွေ​အ​ဖွဲ့ (​အိုင်​အမ်​အက်ဖ်)​က ​ဆက်​လက် ​အ​ကူ​အ​ညီ​ပေး​သွား​မယ်​လို့​ ​အိုင်​အမ်​အက်ဖ်​ရဲ့ ​ဥ​က္က​ဋ္ဌ ​ခ​ရိစ်​တင်း ​လာ​ဂါး​ဒ် ​က​ပြော​ပါ​တယ်။

မြန်​မာ​နိုင်​ငံ​ရဲ့ ​ပြု​ပြင်​ပြောင်း​လဲ​မှု​အ​ပေါ် ​နိုင်​ငံ​တ​ကာ​ငွေ​ကြေး​ရန်​ပုံ​ငွေ​အ​ဖွဲ့​က ​ဆက်​လက် ​အ​ကူ​အ​ညီ ​ပေး​သွား​မယ်​လို့​ ​အိုင်​အမ်​အက်ဖ်​အ​ကြီး​အ​ကဲ ​ခ​ရိစ်​တင်း ​လာ​ဂါး​ဒ်​က ​ဒီ​ဇင်​ဘာ ၇ ​ရက်​နေ့ ​ရန်​ကုန်​မှာ​လုပ်​တဲ့ ​သ​တင်း​စာ​ရှင်း​လင်း​ပွဲ​မှာ ​ပြော​လိုက်​တာ ​ဖြစ်​ပါ​တယ်။

“​မြန်​မာ​နိုင်​ငံ​ဟာ ​နိုင်​ငံ​တ​ကာ​ငွေ​ကြေး​ရန်​ပုံ​ငွေ​အ​ဖွဲ့​ရဲ့ ​အ​ဖွဲ့​ဝင် ​ဖြစ်​ပါ​တယ်။ ​ပြည်​တွင်း​မှာ ​လည်း ​ကျ​မ​တို့ ​တာ​ဝန်​ထမ်း​ဆောင်​နေ​တာ ​ဖြစ်​ပါ​တယ်။ ​ပြီး​တော့ ​ကျ​မ​တို့ ​မြန်​မာ​နိုင်​ငံ​ကို ​ဆက်​လက် ​အ​ကူ​အ​ညီ​ပေး​ဖို့ ​စိတ်​အား​ထက်​သန်​ပါ​တယ်။ ​နည်း​ပ​ညာ​အ​ကူ​အ​ညီ ​ဖြစ်​စေ ​ပြု​ပြင်​ပြောင်း​လဲ​ရေး ​အ​ကူ​အ​ညီ​ပေး​တာ​တွေ ​ဖြစ်​စေ ​ဆက်​လက် ​အ​ကူ​အ​ညီ ​ပေး​သွား​မှာ ​ဖြစ်​ပါ​တယ်။ ​လတ်​တ​လော ​မြန်​မာ​နိုင်​ငံ​ကို ​ကြည့်​တာ ​ကြီး​မား​တဲ့ ​အ​ပြောင်း​အ​လဲ​တွေ ​ဆောင်​ရွက်​နေ​တယ်​ဆို​တာ ​ရှင်း​ရှင်း​လင်း​လင်း ​မြင်​တွေ့​နေ​ရ​ပါ​တယ်။ ​ပြီး​တော့ ​အာ​ရှ​ရဲ့ ​အ​ဓိ​က ​အ​ကျ​ဆုံး​နေ​ရာ​မှာ ​ရ​ထိုက်​ပါ​တယ်။ ​ပြု​ပြင်​ပြောင်း​လဲ​ရေး​တွေ ​ဆောင်​ရွက်​နေ​ပြီး ​တည်​ငြိမ်​တဲ့ ​စီး​ပွား​ရေး​တွေ​ကို ​တည်​ဆောက်​နေ​တဲ့ ​မြန်​မာ​နိုင်​ငံ​ဟာ ​ကြီး​ပွား​ချမ်း​သာ​တဲ့ ​လူ​မှု​အ​သိုင်း​အ​ဝိုင်း​နဲ့ ​တည်​မြဲ​တဲ့ ​စီး​ပွား​ရေး ​အ​တွက် ​တာ​ဝန်​ယူ​ဆောင်​ရွက်​ဖို့ ​လို​ပါ​တယ်။”

သ​မ္မ​တ ​ဦး​သိန်း​စိန်​အ​စိုး​ရ ​တက်​လာ​ပြီး​တဲ့​နောက် ​နိုင်​ငံ​တ​ကာ​ငွေ​ကြေး​ရန်​ပုံ​ငွေ​အ​ဖွဲ့​က ​မြန်​မာ​ကို ​ငွေ​လဲ​လှယ်​နှုန်း ​ပြု​ပြင်​ရေး​ကိ​စ္စ​တွေ​မှာ ​စ​တင် ​ကူ​ညီ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

မြန်​မာ​နိုင်​ငံ​ဟာ ​လွတ်​လပ်​တဲ့ ​ဗ​ဟို​ဘဏ်​က​နေ​ပြီး ​ခိုင်​မာ​တဲ့ ​ငွေ​ရေး​ကြေး​ရေး ​မူ​ဝါ​ဒ​နဲ့ ​ဘဏ်​စ​နစ်​တွေ​ကို ​တည်​ဆောက်​သင့်​ကြောင်း​လည်း ​အိုင်​အမ်​အက်ဖ်​ရဲ့ ​အ​ကြီး​အ​ကဲ​က ​အ​ကြံ​ပေး​သွား​ပါ​တယ်။

“​မြန်​မာ​နိုင်​ငံ​ဟာ ​နိုင်​ငံ​တ​ကာ​ငွေ​ကြေး​ရန်​ပုံ​ငွေ​အ​ဖွဲ့​ရဲ့ ​နည်း​ပ​ညာ ​အ​ကူ​အ​ညီ​တွေ​က​နေ ​ဒု​တိ​ယ​အ​ဆင့်​ကို ​သွား​နိုင်​မယ်​လို့ ​ကျ​မ ​ယုံ​ကြည်​တယ်။ ​နည်း​ပ​ညာ​နဲ့ ​သင်​တန်း​တွေ​ကို​လည်း ​အ​များ​ကြီး ​ကူ​ညီ​ပါ​မယ်။ ​ကွင်း​ထဲ​မှာ​လည်း ​ကျ​မ​တို့ ​ဝန်​ထမ်း​တွေ ​ရှိ​ပါ​တယ်။ ၂၀၁၄ ​အ​ကုန်​နဲ့ ၁ ​လ​ပိုင်း​တွေ​မှာ​လည်း ​အ​ဖွဲ့​ဝင်​တွေ ​ထပ်​တိုး​ဖို့ ​ရှိ​ပါ​တယ်။ ​အ​ထူး​သ​ဖြင့် ​ဘ​ဏ္ဍာ​ရေး​ပိုင်း​နဲ့ ​အ​ကောက်​အ​ခွန် ​ကိ​စ္စ​တွေ​မှာ ​ဖြစ်​ပါ​တယ်။”

ခ​ရ​စ္စ​တင်း​န် ​ဟာ ​သူ​ရဲ့ ​က​မ္ဘာ​ဒီး​ယား ​နဲ့ ​တောင်​ကိုး​ရီး​ယား​ခ​ရီး​စ​ဉ်​အ​ပြီး ​ဒီ​ဇင်​ဘာ ၆ ​ရက်​မှာ ​မြန်​မာ​ပြည်​ကို ​ရောက်​လာ​ပါ​တယ်။ ​အဲ​ဒီ​နောက် ​ဒု​သ​မ္မ​တ​နဲ့ ​ဘ​ဏ္ဍာ​ရေး​ဝန်​ကြီး ​တို့​အ​ပြင် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​နဲ့​လည်း ​တွေ့​ဆုံ​ခဲ့​သ​လို ​အ​ပြည်​ပြည်​ဆိုင်​ရာ ​အ​မျိုး​သ​မီး​အ​ရေး ​ဆွေး​နွေး​ပွဲ​ကို​လည်း ​တက်​ရောက်​ခဲ့​ပါ​တယ်။

မြန်​မာ​ဟာ ​လာ​မယ့်​နှစ်​မှာ ​စီး​ပွား​ရေး​တိုး​တက်​မှု ၆ ​ဒဿ​မ ၈ ​ရာ​ခိုင်​နှုန်း ​တိုး​လာ​နိုင်​တယ်​လို့ ​က​မ္ဘာ့​ဘဏ်​က​နေ​ပြီး ​ခန့်​မှန်း​ထား​ပါ​တယ်။ ​အေ​ရှ့​တောင်​အာ​ရှ ​နိုင်​ငံ​မှာ​ဆို​ရင်​လည်း ​မြန်​မာ​နိုင်​ငံ​ရဲ့ ​စီး​ပွား​ရေး ​ကြီး​ထွား​မှု​ဟာ ​အ​မြန်​ဆုံး ​နေ​ရာ​မှာ​ရှိ​တယ်​လို့​လည်း ​ပြော​ပါ​တယ်။

No comments: