Wednesday, December 4, 2013

အ​ဂ​တိ​လိုက်​စား​မှု​အ​ဆင့် ​ယ​ခင်​နှစ်​ထက် ​မြန်​မာ​နိုင်​ငံ ​လျော့​နည်း

ခွန်​ဘ​သာ

မြန်​မာ​နိုင်​ငံ​ရဲ့ ​အ​ဂ​တိ​လိုက်​စား​မှု​ဟာ ​အ​ရင်​နှစ်​တွေ​ထက် ​လျော့​နည်း​လာ​တယ်​လို့ ​အ​ဂ​တိ ​တိုက်​ဖျက်​ရေး ​နိုင်​ငံ​တ​ကာ​အ​ဖွဲ့​က ​ထုတ်​ပြန်​လိုက်​ပါ​တယ်။

က​မ္ဘာ့​နိုင်​ငံ​ပေါင်း ၁၇၇ ​နိုင်​ငံ​အ​ထဲ​က ​မြန်​မာ​နိုင်​ငံ​ဟာ ​အ​ဆင့် ၁၅၇ ​နေ​ရာ​မှာ ​ရှိ​ပြီး ​အ​ရင်​နှစ်​တွေ​ထက်​စာ​ရင် ​မြန်​မာ​နိုင်​ငံ​ဟာ ​အ​ဂ​တိ​လိုက်​စား​မှု ​နည်း​လာ​ပြီး​ ​နေ​ရာ​အ​ဆင့် ​တိုး​လာ​တယ်​လို့ ​အ​ဂ​တိ​လိုက်​စား ​တိုက်​ဖျက်​ရေး ​နိုင်​ငံ​တ​ကာ​အ​ဖွဲ့​က ​ဒီ​ဇင်​ဘာ ၃ ​ရက်​နေ့ ​ထုတ်​ပြန်​ချက်​မှာ ​ဖော်​ပြ​ထား​ပါ​တယ်။

မြန်​မာ​နိုင်​ငံ​မှာ ​ပြု​ပြင်​ပြောင်း​လဲ​မှု​တွေ ​ရှိ​လာ​ပြီး​နောက် ​အ​ဂ​တိ​လိုက်​စာ​မှု​နဲ့ ​ပတ်​သက်​ပြီး ​အ​မှတ်​ကောင်း ​ပို​ရ​လာ​တာ ​ဖြစ်​တယ်​လို့ ​ပြော​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​အ​ခု​မှ ​အ​ပြောင်း​အ​လဲ​တွေ ​စ​တင်​နေ​တဲ့​အ​တွက် ​အ​စိုး​ရ​အ​နေ​နဲ့ ​လာဘ်​စား​မှု ​တိုက်​ဖျက်​ရေး ​လုပ်​ငန်း​ဆောင်​ရွက်​မှု​တွေ ​အ​များ​ကြီး ​လို​သေး​တယ်​လို့ ​ပြော​ပါ​တယ်။

၂၀၁၂ ​တုန်း​က ​မြန်​မာ​နိုင်​ငံ​ရဲ့ ​လာဘ်​စား​မှု​အ​ဆင့်​ဟာ ၁၇၂ ​နေ​ရာ​မှာ ​ရှိ​ပြီး ​မြန်​မာ​နိုင်​ငံ​ရဲ့ ​အောက်​မှာ ​ဆို​မာ​လီ​ယား​၊ ​မြောက်​ကိုး​ရီး​ယား​၊ ​ဆူ​ဒန်​နဲ့ ​အာ​ဖ​ဂ​န​စ္စ​တန် ၄ ​နိုင်​ငံ​သာ ​ရှိ​ပါ​တယ်။

ဒါ​ပေ​မယ့် ၂၀၁၃ ​မှာ​တော့​ ​မြန်​မာ​နိုင်​ငံ​ရဲ့ ​အောက်​မှာ ​နိုင်​ငံ​ပေါင်း ၂၀ ​လောက်​ရှိ​နေ​ပြီး ​မြန်​မာ​နိုင်​ငံ​ရဲ့ ​လာဘ်​စား​မှု​တွေ​ဟာ ​ခါ​တိုင်း​နှစ်​တွေ​ထက် ​အ​ဆင့်​နေ​ရာ ​တိုး​ရ​လာ​တယ်​လို့ ​ထုတ်​ပြန်​ချက်​မှာ ​ဖော်​ပြ​ထား​ပါ​တယ်။

လာဘ်​စား​မှု ​အ​ကင်း​ရှင်း​ဆုံး​နိုင်​ငံ​တွေ​ကို ​အ​မှတ် ၉၀ ​က​နေ ၁၀၀ ​အ​ထိ ​ပေး​ထား​ပြီး ​အ​နိမ့်​ဆုံး​နိုင်​ငံ​တွေ​က​တော့ ၀ ​က​နေ ၉ ​အ​ထိ ​ပေး​ထား​ပါ​တယ်။ ​မြန်​မာ​နိုင်​ငံ​က​တော့ ၂၀၁၂ ​က ​အ​မှတ် ၁၉ ​သာ​ရ​ခဲ့​ပြီး ၂၀၁၃ ​မှာ ​အ​မှတ် ၂၁ ​နေ​ရာ​မှာ ​ရ​တဲ့​အ​တွက် ​အ​မှတ် ၂၀ ​က​နေ ၂၉ ​အုပ်​စု​ထဲ​မှာ ​ပါ​ဝင်​နေ​တာ ​ဖြစ်​ပါ​တယ်။

အ​ဂ​တိ​လိုက်​စား​မှု ​အ​ကင်း​မဲ့​ဆုံး​နိုင်​ငံ​တွေ​က​တော့ ​န​ယူး​ဇီ​လန်​နဲ့ ​ဒိန်း​မတ်​နိုင်​ငံ​တွေ ​ဖြစ်​ပြီး ​အ​ဆိုး​ဆုံး ​အ​ဂ​တိ​လိုက်​စား​မှု​ရှိ​တဲ့ ​နိုင်​ငံ​တွေ​က​တော့ ​ဆို​မား​လီ​ယား​နဲ့ ​မြောက်​ကို​ရီး​ယား​နိုင်​ငံ​တွေ ​ဖြစ်​ပါ​တယ်။ ​အာ​ရှ​နဲ့ ​ပ​စိ​ဖိတ်​နိုင်​ငံ​တွေ​ရဲ့ ​တ၀တ်​ကျော်​လောက်​က​တော့ ​အ​မှတ် ၄၀ ​အောက်​မှာ ​ရှိ​ကြ​ပါ​တယ်။

No comments: