ရွှေရည်ဝင်းထက်
ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်း၏သဘောထားကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် အခြေခံဥပဒေ လေ့လာသုံးသပ် ရေး ပူးပေါင်းကော်မတီအပါအ၀င် အခြားသော နိုင်ငံရေးအင်အားစုများအားလုံးထံသို့ ပေးပို့သွားရန် စီစဉ် ထားကြောင်း အကြံပြုစာရေးဆွဲရေးအဖွဲ့ဝင် ဦးဂျင်မီက ဒီဇင်ဘာ ၁၉ရက်တွင် မဇ္ဈိမကိုအတည်ပြုသည်။
“ပူးပေါင်းကော်မတီတစ်ခုတည်းက ဆုံးဖြစ်နိုင်မယ့်ကိစ္စမဟုတ်ဘူး။ ကော်မတီတစ်ခုတည်းနဲ့တော့ အဖြေထုတ်ဖို့ ခက်ပါတယ်”ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် အကြံပြုစာကို နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အခြားသောနိုင်ငံရေးအင်အားစုများ အားလုံးနှင့် အများပြည်သူထံသို့ လည်း ထုတ်ပြန်ကြေညာရန် စီစဉ်ထားခြင်းဖြစ်သည်။
အကြံပြုစာရေးဆွဲရေးအဖွဲ့၏ မူကြမ်းကို လာမည့် ဒီဇင်ဘာ ၂၃ ရက်၊ ပွင့်လင်းလူ့အဖွဲ့အစည်း တာဝန်ခံ များ ပုံမှန်အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်သွားမည်ဖြစ်သည်။ “အကြမ်းဖျင်းပြင်ပြီးပြီ။ အဲဒီနေ့မှာ အတည်ပြုသွားမှာပါ”ဟု ဦးဂျင်မီက ပြောသည်။ အကြံပြုစာတွင် ပြဋ္ဌာန်းချက်တစ်ခုချင်းစီအပေါ် မှတ် ချက်ပြုမည်မဟုတ်ဘဲ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံနိုင်မည့် မူဘောင်များကို အဓိ ကထားမည်ဟု ၎င်းက ဆိုသည်။
ပြုပြင်ရလွယ်သည့် ဖွဲ့စည်းပုံဖြစ်ရန်၊ ဗဟိုချုပ်ကိုင်မှုလျှော့ချရန်နှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်ရန် စသည်တို့ကို အခြေခံအကြံပြုရန် စီစဉ်ထားခြင်း ဖြစ်သည်။ “ပြု ပြင်ဖို့မလွယ်တဲ့ အခြေခံဥပဒေရှိတဲ့ နိုင်ငံတစ်နိုင်ငံဟာ သွေးထွက်သံယိုမှုတွေ၊ လက်နက်ကိုင်ဖြေရှင်းမှု တွေနဲ့ ဖြေရှင်းရတတ်တဲ့ သာဓကတွေ ရှိခဲ့တယ်၊ ပြီးတော့ ဒီမိုကရေစီစနစ်မှာ စစ်မှန်တဲ့ လူထုကိုယ်စား ပြုမှု ဖော်ဆောင်နိုင်ဖို့ အရေးအကြီးဆုံးပဲ”ဟု ဦးဂျင်မီက ပြောသည်။
အကြံပြုစာကို ဒီဇင်ဘာနောက်ဆုံးပတ်အတွင်း လွှတ်တော်ကော်မတီအပါအ၀င် နိုင်ငံရေးအင်အားစုများ အားလုံးသို့ ထုတ်ပြန်ကြေညာ၍ ပေးပို့ရန် စီစဉ်ထားသည်။
ပြည်ထောင်စုလွှတ်တော်၏ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မ တီက အများပြည်သူထံသို့ ဒီဇင်ဘာနောက်ဆုံးထား၍ အကြံပြုစာများပေးပို့ကြရန် ထုတ်ပြန် ကြေညာ ထားသည်။ အဆိုပါကော်မတီအနေဖြင့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလကုန် နောက်ဆုံးထား၍ ဖွဲ့စည်းပုံ ပြင် ဆင်ရေးဆိုင်ရာ အကြံပြုချက်များကို ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံရမည်ဖြစ်သည်။
No comments:
Post a Comment