နန်းမြင့်
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂ နှင့် ၃ ရပ်ကွက်များမှမူလပိုင်ရှင်များ မြေ ပြန်ရရန် သပိတ်စခန်းဖွင့်လှစ်ထားပြီး ဆန္ဒပြတောင်းဆိုသူများနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတို့ ဒီဇင်ဘာ ၈ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံခဲ့သော် လည်း ထူးခြားသည့်အဖြေမထွက်ဟု ဆွေးနွေးပွဲတွင် တက်ရောက်သူ မနေနွယ်သန်းက ပြောသည်။
“အဖြေက အတိအကျ အဖြူအမဲ သဲကွဲမှုမရှိဘူး။ ဦးမြင့်ဆွေပြောတာက ဆုံးဖြတ်ပိုင်ခွင့် သူတို့မှာ မရှိပါ ဘူးတဲ့။ မြေယာကော်မရှင်ကနေတစ်ဆင့် လုပ်ဆောင်မယ်။ အဆင့်ဆင့်လုပ်ဆောင်ပြီးမှ ဦးမြင့်ဆွေဆီ က သိရပါမယ်လို့ ပြောပါတယ်”ဟု မနေနွယ်သန်းက ပြောသည်။
အဆိုပါသပိတ်စခန်းကို နိုဝင်ဘာ၂၆ ရက်က စတင်ဖွင့်လှစ်ထားခဲ့ပြီး ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီတွင် နောက်ဆုံးထား ပိတ်သိမ်းပေးရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တပ်မြို့ စည်ပင်တို့က ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီခွဲတွင် အမိန့်ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း လက်ရှိအချိန်ထိ ဆန္ဒပြသူများက သပိတ်စခန်းပိတ်သိမ်းရန်ကို ဆုံးဖြတ်ချက်မချရသေး ဘဲ ပုဒ်မ ၁၈ ဖြင့် အရေးယူခြင်းခံထားရသူ ၎င်းတို့၏ ခေါင်းဆောင်နှင့် တိုင်ပင်မည်ဟုလည်း ဆန္ဒပြရာ တွင်ပါဝင်သူ ဦးဇော်ထွန်းက ဆိုသည်။
“ပုဒ်မ ၁၈ နဲ့ ထောင်ကျနေတဲ့ ခေါင်းဆောင် ကိုစိန်သန်းနဲ့ ဆွေးနွေးရဦးမယ်။ တိတိကျကျ အဖြေပေးလို့ မရသေးဘူး”ဟု ၎င်းက ပြောသည်။
ယင်းအပြင် သပိတ်စခန်း ဖွင့်လှစ်ထားသူများသည် ဒီဇင်ဘာ ၈ ရက် နေ့လယ် ၁၂ နာရီခွဲကလည်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့် တွေ့ဆုံခဲ့ပြီး အချက်ခုနစ်ချက် တောင်းဆိုခဲ့သည်။
ယင်းတို့မှာ မြေနေရာပြန်လည်ရရှိရန် စစ်တပ် (သိမ်းထားသည့်တပ်)မှ တာဝန်ရှိသူများနှင့် ဆွေးနွေး မည်။ ပြီးပါက သပိတ်စခန်းဖွင့်လှစ်ထားသူများနှင့် အတည်ပြုချက်ယူမည်။ အဖြူအမဲ မသဲကွဲမီ နှစ်ဦးနှစ် ဖက် ဆောင်ရွက်မှုများကို ထိန်းချုပ်ထားရန် (အနီးရှိ ဘုရားတွင် ခြံဝင်းခတ်ခြင်းများ စသည်)၊ ပုဒ်မ ၁၈ ဖြင့် အရေးမယူရန်၊ တရားစွဲဆိုမှုများကို ရုပ်သိမ်းပေးရန်၊ ဒီဇင်ဘာ ၉ ရက်တွင် သပိတ်စခန်းရုပ်သိမ်းပေး ရန် ထုတ်ပြန်ထားသောအမိန့် ပြန်လည်ရုပ်သိမ်းရန်၊ လက်ရှိ သပိတ်စခန်း ကျန်းမားရေး ဆောင်ရွက်ပေး ရန်တို့ ဖြစ်သည်။
အဆိုပါ တောင်းဆိုချက်များတွင် ပုဒ်မ ၁၈ ဖြင့်အရေးမယူရန်၊ တရားစွဲဆိုမှုများကို ရုပ်သိမ်းပေးရန်၊ လက် ရှိသပိတ်စခန်း ကျန်းမားရေးဆောင်ရွက်ပေးရန် စသည်တို့ကို ဆောင်ရွက်ပေးမည်ဟု ဦးသိန်းညွန့်က က တိပေးခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
“အကြောင်းမဲ့ အသက်ဆုံးရှုံးမှုကို မလိုလားဘူး။ လွှတ်တော်လမ်းကြောင်းက ကူညီပေးမယ်။ (ဆန္ဒပြသူ များက) ကျွန်းဆွယ် (ဆီးဂိမ်း) ကာလမှာ ယာယီ ဆုတ်ပေးဖို့ဖြစ်တယ်။ ရန်ကုန်တိုင်းဒေသကြီးနဲ့ ပြည် ထောင်စုအစိုးရကို ပြောမယ်။ နစ်နာကြေးပြန်ရအောင် ဆောင်ရွက်ပေးမယ်။ အာဏာပိုင်နဲ့ ညှိနှိုင်းပေး မယ်”ဟု ဦးသိန်းညွန့်က ပြောသည်။
ယင်းအပြင် ဆန္ဒပြသူ ၂၅ ဦးကိုလည်း ပိုင်နက်ကျူးလွန်သည့်ပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုထားပြီး သပိတ် စခန်းအနီး မြစာရံအေးစေတီဘုရားအတွင်း ၀င်ရောက်ခဲ့၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟုလည်း မနေနွယ် သန်းက ဆိုသည်။
အဆိုပါစေတီကို ၀င်ရောက်ဖူးမြော်ခွင့်ပေးရန်အတွက် ရန်ကုန်တိုင်း နယ်/လုံဝန်ကြီး ဦးတင်ဝင်းက ဒီဇင် ဘာ ၂ ရက်က ဆန္ဒပြသူများနှင့် တွေ့ဆုံပွဲတွင် သဘောတူခဲ့သည်။
သို့သော်လည်း နောက်ပိုင်းတွင် စေတီဝင်းအားခြံစည်းရိုးခတ်ခြင်း၊ ၀င်းတံခါးပိတ်ခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါ သပိတ်စခန်းအနီးရှိ မြစာရံ အေးစေတီဝင်းကို ဒီဇင်ဘာလ ၇ ရက်နေ့လည် ၁၁ နာရီခွဲက ခြံစည်း ရိုးကာရံခဲ့ရာတွင်လည်း သပိတ်စခန်းအတွင်း ဆန္ဒပြသူများနှင့် ပဋိပက္ခဖြစ်ပွားခဲ့သေးသည်။ အဆိုပါ ပဋိ ပက္ခကြောင့် ဆန္ဒပြသူ ရှစ်ဦးခန့် ဒဏ်ရာရရှိသွားပြီး သင်္ဃန်းကျွန်း စံပြဆေးရုံတွင် သုံးဦး ဆေးကုသမှုခံ ယူနေသည်ဟုလည်း ပဋိပက္ခကြောင့် လက်ကျိုးသွားခဲ့သူ ဒေါ်သောင်းခင်က ဆိုသည်။
ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား၍ သပိတ်စခန်းကို ပြောင်းရွှေ့ဖယ်ရှားခြင်းမပြုပါက ဆန္ဒ ဖော်ထုတ်သူများ အားလုံးကို တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တပ်မြို့ စည်ပင်တို့က အမိန့်ထုတ်ပြန်ထားသည်။
မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေနေရာများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ၁၉၉၁ ခုနှစ်က ယခု ဆန္ဒပြ သည့် မူလပိုင်ရှင်များထံမှ သိမ်းယူခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment