Tuesday, December 10, 2013

မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေ ကာတာ၌ ဒေါ်စု ဟောပြောမည်

ဝင်းကိုကိုလတ်

ဒီဇင်ဘာ ၉ ရက်တွင် အရှေ့အလယ်ပိုင်းနိုင်ငံတစ်နိုင်ငံဖြစ်သော ကာတာနိုင်ငံသို့ သွားရောက်မည့် ဒေါ် အောင်ဆန်းစုကြည်သည် သူ၏ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စိန်ခေါ်မှု များကို ဟောပြောမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က သတင်းထုတ်ပြန်သည်။

မူဝါဒချမှတ်သူများ၊ ဆေးပညာဆိုင်ရာ ပညာရှင်ပေါင်း ၇၀၀ ခန့်ကို ဖိတ်ကြားထားပြီး Qatar Foundation မှ ဦးစီးကျင်းပသော World Innovation Summit for Health (WISH) အခမ်းအနားသို့ တက်ရောက်စဉ် ဟောပြောမည်ဖြစ်သည်။ ထို့ပြင် ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ ကျန်းမာရေးဆိုင်ရာ တီထွင်ဖန်တီးမှု ပြပွဲများကိုလည်း တက်ရောက်မည် ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်၊ ပါတီဗဟိုအလုပ်အမှုဆောင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုတို့လည်း လိုက်ပါသွားမည်ဖြစ်ပြီးဒီဇင်ဘာ ၁၂ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

No comments: