Wednesday, December 11, 2013

တစ်နိုင်ငံလုံးရှိ တက်္ကသိုလ်ကျောင်းသား/သူများ၏ Mr & Miss University Myanmar 2014 ပြိုင်ပွဲကျင်းပမည်

ပန်းမြတ်ဇော်

Mr & Miss University Myanmar 2014 ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ မြန်မာကွန် ဗင်းရှင်းစင်တာ (MCC) ခန်း မ၌ ဇန်န၀ါရီ ၂၄ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ် သည်။ ယင်းပြိုင်ပွဲကို August Myanmar Media Group က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတက္ကသိုလ် များတွင် တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများ ၀င်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ယင်းမီဒီယာက မဇ္ဈိမသို့ ပြောသည်။

“လာလျှောက်တဲ့သူတွေကို အရေအတွက် ကန့်သတ်မထားပါဘူး။ လာလျှောက်တဲ့သူတွေထဲကပဲ အရည် အချင်းပြည့်ဝတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ရွေးချယ်သွားမှာပါ” ဟု ပြောသည်။

ယင်းပြိုင်ပွဲကျင်းပရခြင်းသည် စံပြ ကျောင်းသား၊ ကျောင်းသူများ ပေါ် ပေါက်လာစေရန် ရည်ရွယ်ကာ ကိုယ်ပိုင် ဖန်တီးမှုအရည်အချင်းအပြင် ကိုယ်ခန္ဓာကြံ့ခိုင်မှုများအတွက်လည်း ကျင်းပခြင်းဖြစ်သည်။ ယင်း ပြိုင်ပွဲတွင် တက်္ကသိုလ် ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များ ပါဝင်ယှဉ်ပြိုင်ကြမည့် စံပြမောင် မယ်ရွေးချယ်ပွဲဖြစ်ပြီး ဇန်န၀ါရီလတစ်လလုံးတွင် ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲဝင်ကြမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို ဆန်ခါတင် အဆင့်သုံးဆင့်ဖြင့် အရည်အ ချင်းပြည့်ဝ သည့်သူများကိုသာ အဆင့်ဆင့်စိစစ် ရွေးမည်ဖြစ်ပြီး လူတွေ့စစ်ဆေးခြင်းကို ၂၀၁၄ ဇန်န၀ါရီ ၃ ရက်တွင် ကျင်းပမည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ကြသူများသည် ပြိုင်ပွဲရှစ်မျိုးကို alent၊ healthy၊ beauty and strong ခေါင်းစဉ်များဖြင့် ရင်ဆိုင်ဖြတ်ကျော်ရ မည်ဖြစ်ပြီး ဒီဇင်ဘာ ၃၀ ရက်နောက် ဆုံးထား၍ ယင်းမီဒီယာတွင် အခမဲ့ဖောင် များကို ထုတ်ယူရရှိနိုင်သည်။

ယင်း Mr & Miss University Myanmar 2014 Winner အတွက် တစ်ဦးလျှင် ကျပ်သိန်း ၃၀ ချီးမြှင့်မည် ဖြစ်ပြီး August Myanmar Media Group မှ အထူးပြုလုပ်ထားသည့် ခရမ်းစွဲကျောက်ကို စိန်များဖြင့်စီ ခြယ်ထားသည့် ရွှေသားသရဖူကို တစ်နှစ်တာသုံးစွဲခွင့်၊ နိုင်ငံတကာ miss ပြိုင်ပွဲများတွင် စေလွှတ်ယှဉ် ပြိုင်ခြင်းများ၊ next fashion မဂ္ဂဇင်းတွင် မျက်နှာဖုံးရှင်၊ fashion spread section၊ ရတီမဂ္ဂဇင်း၊ နိုင်ငံတ ကာမဂ္ဂဇင်းဖြစ်သည့် staff Myanmar မဂ္ဂဇင်းနှင့် ပွဲကျင်းပသည့် မီဒီယာ၏ အနုပညာလုပ်ငန်းများ တွင် ပါဝင်ခွင့်ရကြမည်ဖြစ်သည်။ အထူး သဖြင့် ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် world miss university တွင် သွားရောက် ယှဉ်ပြိုင်ခွင့်ရရှိရန် ကူညီထောက်ပံ့မှုများကို ရရှိမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် Mr & Miss University Myanmar 2014 1st Runner Up ရရှိမည့်သူများသည် တစ် ဦးလျှင် ကျပ် ၁၀ သိန်း ချီးမြှင့်မည်ဖြစ်ပြီး Mister & Miss University Myanmar 2014 2nd Runner Up ကို ကျပ်ငါးသိန်း ချီးမြှင့် မည်ဖြစ်သည်။

အထူးဆု (Scholarship For Special Awards) အဖြစ် ၁၀ ဆုသတ်မှတ်ထားရာတွင် Mr University Sportsman & Mister University Sportswoman တစ်ဦးလျှင် ကျပ်ငါးသိန်း၊ Mister University and Miss University Talent တစ်ဦးလျှင် ကျပ်ငါးသိန်း၊ Mister University and Miss University Fashion တစ်ဦးလျှင် ကျပ်လေးသိန်း၊ Mister University and Miss University Top Model တစ်ဦးလျှင်ကျပ် လေးသိန်းနှင့် MisterUniversity and Miss University Charity တို့ကိုလည်း ထပ်မံ ရရှိမည်ဖြစ်သည့် အပြင် ပူးပေါင်းပါဝင် ကြသည့်ကုမ်္ပဏီများ၏ခေါင်းစဉ်များဖြင့် လည်း ဆုများကို ချီးမြှင့်သွားမည်ဖြစ် သည်။ ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ကြသည့် ကျောင်းသား၊ ကျောင်းသူများ သည် ပညာသင်ထောက် ပံ့ကြေး ကျပ် သိန်း ၁၅၀ ကျော်ကို ရရှိမည်ဖြစ်ကြောင်း August Myanmar media က ထပ်မံပြောကြား ခဲ့သည်။

No comments: