နိရဉ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆေးရုံကြီး ၀င်းထဲမှာ စစ်တွေ ဒေသခံ ၃၀ လောက်က ပိုစတာတွေ၊ ဆိုင်းဘုတ်တွေကို ကိုင်ပြီး မနေ့က နံနက် ၁၀ နာရီခန့်မှာ နယ်စည်းမခြား ဆရာဝန်အဖွဲ့ AZG ( MSF) ကို ကန့်ကွက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
AZG (MSF) အဖွဲ့ဟာ လူမူရေး အကူအညီပေးနေတဲ့ အဖွဲ့ဖြစ်ပေမယ့် လူမျိုးအရ ခွဲခြားဆက်ဆံမူတွေရှိနေတဲ့ အတွက် ခုလို ကန့်ကွက် ဆန္ဒပြရတာ ဖြစ်တယ်လို့ ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်မညိုအေးက မီဒီယာတွေကို ပြောပါတယ်။
အခုဆန္ဒပြမူဟာ မောင်တောမြို့နယ်က ဘင်္ဂလီ လူနာ အမျိုးသမီးတစ်ဦးကို AZG က စစ်တွေဆေးရုံကြီးကို လာပို့ရာကနေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
AZG (MSF) ဟာ မြန်မာရဲ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာလည်း အစိုးရနဲ့ သဘောတူညီမူတွေကို ချိုးဖေါက်တယ်ဆိုပြီး မြန်မာက လာတဲ့ မွတ်ဆလင် ဒုက္ခသည် စခန်းတွေမှာ ကူညီပေးနေတဲ့ လုပ်ငန်းတွေကို တခြား အန်ဂျီအို အဖွဲ့ (၂) ခုနဲ့ အတူ ရပ်ဆိုင်း ခံထားရပါတယ်။
AZG (MSF) နဲ့အတူ ဘင်္ဂလာဒေခ်ျ့ အစိုးရရဲ့ ရပ်ဆိုင်းခြင်းကို ခံထားရတဲ့ အခြားအဖွဲ့ (၂) ခုကတော့ Action Against Hunger (ACF) နဲ့ Muslim Aid UK တို့ဖြစ်ကြပါတယ်။

No comments:
Post a Comment