Wednesday, December 4, 2013

ထိုင်းရှိ ဗီဇာသက်တမ်းကုန် အလုပ်သမားများ အတွက် one stop service centre များ ယခုလအတွင်း ဖွင့်လှစ်မည်

EMG


ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အတွက် one stop service centre များကို ယခုအလတွင်း ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ အလုပ်သမား များအတွက် one stop service centre များကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံး အပါအ၀င် ထိုင်း -မြန်မာ နယ်စပ်ဒေသ များဖြစ်သည့် မယ်ဆိုင် (တာချီလိတ်)၊ မဲဆောက် (မြ၀တီ) ၊ပူနရွန် (ထီးခီး)၊ ဆင်ဂေါင်း (မောတောင်)နှင့် ရနောင်း (ကော့သောင်း)တို့တွင် ဖွင့်လှစ်ရန် စီစဉ်ထား ကြောင်းသိရသည်။

''one stop service centre တွေဖွင့်ဖို့ စီစဉ် နေပါတယ်။ ထိုင်းမြန်မာ နယ်စပ်ဒေသ တွေဖြစ်တဲ့ တာချီလိတ်၊ မြ၀တီတို့မှာ ဖွင့်ဖို့ လောလောဆယ် လျာထား ပါတယ်။ နောက်ကျရင်တော့ အပြောင်းအလဲ ရှိနိုင်ပါတယ်'' ဟုအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် ဗီဇာ သက်တမ်းကုန်ဆုံး နေသည့် မြန်မာ အလုပ်သမားများ ဆက်လက်လုပ်ကိုင် ခွင့် ရရေးအတွက် ယခင် ယာယီနိုင်ငံကူး လက်မှတ် အစားနိုင်ငံကူး လက်မှတ် ပတ်(စ်)ပို့ အနီပြောင်းလဲ ထုတ်ပေး သွားမည်ဖြစ်ပြီး အလုပ်သမားများ အနေဖြင့် မှတ်ပုံတင်၊ သန်းခေါင်စာရင်း စသည့် အထောက်အထားများနှင့် အတူ နယ်စပ်ဒေသရှိ သက်ဆိုင်ရာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်းများ (one stop service centre) တွင် လာရောက် ပြုလုပ် ရမည်ဖြစ်သည်။

ထို့ပြင် ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာ အလုပ်သမား ၃၀၀၀၀ကျော် ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်မှ သိရသည်။

အကောင်အထည် ဖော်ဆောင်ရွက် ရှုမည့် လုပ်ငန်းစဉ်များ၊ ယင်း အလုပ်သား များအတွက် one stop service centre ဖွင့်လှစ်ရေး တို့ကို ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းပြုလုပ် ခဲ့သည့် ထိုင်း-မြန်မာနှစ်နိုင်ငံ အလုပ်သမား ရေးရာညှိနှိုင်း အစည်းအဝေးတွင် သဘောတူညီမှု ရရှိခဲ့သည်။

No comments: