Wednesday, May 7, 2014

ဝမ်ပေါင်ကုမ္ပဏီမိုင်းခွဲလုပ်သားတစ်ဦး သတိလစ်သွား၍ ဆေးရုံတင်

ကိုတိုးကြီး

လက်ပံတောင်းတောင်စီမံကိန်းရှိ ၀မ်ပေါင်ကုမ္ပဏီမှ မိုင်းလုပ်သားတစ်ဦးသည် မုံရွာမြို့၊ ဘုရားကြီးရပ် ကွက်၊ ထန်းတောကြီး ကူးတို့ဆိပ်ကမ်းတွင် မေလ ၃ ရက် မွန်းလွဲပိုင်းက ၀ဲဘက်ခြေသလုံးပြည်တည်ဒဏ် ရာနှင့်အတူ သတိလစ်မေ့မျောနေသည့်အတွက် အနီးရှိသုံးဘီးဆိုင်ကယ်အငှားလိုက်သူများက မုံရွာပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ရကြောင်း သုံးဘီးဆိုင်ကယ်ယာဉ် အသင်းအဖွဲ့ဝင် ကိုသီဟက ပြောသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ မုံရွာပြည်သူ့ဆေးရုံကြီး ပြင်ပလူနာကုသေ ရေးနှင့် အရေးပေါ်လူနာဌာနရှိ အမည် မဖော်လိုသည့် ကျန်းမာရေးဝန်ထမ်း တစ်ဦးက “အဲ့ဒီနေ့က ဆိုက်တွဲသမား တွေလိုက်ပို့တဲ့ လူနာ ဟာ သတိလစ်နေတဲ့ အချက်အလက် ဘာမှမသိရပါဘူး။ အရိုးဆောင်မှာ ဆေးကုသမှုခံနေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ လူနာသည် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင် အခန်း အမှတ်(၄)တွင် အရေးပေါ် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိရာ မေ လ၄ရက်၊ နံနက်ပိုင်းတွင် ပြန်လည် သတိရလာပြီ ဖြစ်ကြောင်း အထက်ပါ ကျန်းမာရေးဝန်ထမ်းက ဆက်လက်အတည်ပြုသည်။

နေ့လယ်ပိုင်းတွင် စကားပြန်လည် ပြောဆိုနိုင်သည့်အတွက် ဆေးရုံရှိမှု ခင်းဆေးမှတ်တမ်းဌာနမှ မေးမြန်း စစ် ဆေးရာတွင် ၎င်းလူနာသည် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီ မံကိန်း၊ ၀မ်ပေါင်ကုမ္ပဏီရှိ ဦးသိန်းဝင်းဆိုသူ ကျောက်မိုင်းခွဲအဖွဲ့မှ မိုင်းခွဲလုပ်သား ကိုအောင်အောင် (၂၀)နှစ် ဖြစ်သည်။

လွန်ခဲ့သော တစ်လခန့်က အခြား ကျောက်မိုင်းခွဲ အဖွဲ့တစ်ဖွဲ့တွင် မိုင်းခွဲစဉ် ၀ဲဘက်ခြေသလုံးအား ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ၀မ်ပေါင်ကုမ္ပဏီဆေးခန်း၌ ဆေးကုသသော်လည်း သက်သာပျောက် ကင်းခြင်းမရှိသည့် အတွက် မန်္တလေးသို့ ပြန်ရန် ထွက်ခွာလာစဉ်ကူးတို့ဆိပ်ကမ်း တွင် သတိလစ်မေ့မျောနေခြင်းဖြစ်သည်ဟု ကာယကံရှင်က ရဲစစ်ဆေးချက်တွင် ထွက်ဆိုသည်။

ကိုအောင်အောင်သည် မန္တလေး တိုင်းချမ်းအေးသာစံမြို့နယ်၊ န၀ရတ်စု ရပ်နေသူဖြစ်ပြီး ၀မ်ပေါင် ကုမ္ပဏီတွင် မိုင်းခွဲလုပ်ငန်းတွင် တာဝန်ထမ်းဆောင် စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူခြင်း ဖြစ်သည်ဟု မဇ္ဈိမကို ပြောသည်။

No comments: