ဇာနည်အောင်
၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်၂၉ အရ ပြဋ္ဌာန်းလိုက်သည့် အလုပ်အကိုင်နှင့်ကျွမ်း ကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနည်းဥပဒေကို သြဂုတ်လတွင် ထွက်ရှိနိုင်ရေး ဆောင်ရွက်နေကြောင်း အလုပ် သမားအလုပ်အကိုင်နှင့် လူမူဖူလုံရေးဝန်ကြီးဌာန လက်အောက်ရှိ လူမူဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးယုလွင် အောင်က မဇ္ဈိမကို ပြောသည်။
“နည်းဥပဒေထဲမှာ အလုပ်ရှင်က အလုပ်သမားတွေကို ခန့်အပ်ပြီး ရက် ၃၀ အတွင်းမှာ အလုပ်ခန့်ထားမူ ဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရမှာဖြစ်ပါတယ်။ ဒီစာချုပ်အရ သတ်မှတ်ကာလထက် စော၍ လုပ်ငန်းပြီးဆုံးသွားရင်လည်းကောင်း၊ လုပ်ငန်းတစ်စိတ်တစ်ဒေသ ပြီးဆုံးသွားရင်လည်းကောင်း၊ အ ကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းရပ်စဲသွားရင်လည်း အလုပ်ရှင်က အလုပ်သမားတွေကို သတ်မှတ်ထား သော နစ်နာကြေးပေးမှုများ ပြုလုပ်မှုများ ပါဝင်ပါတယ်”ဟု ဦးယုလွင်အောင်က ပြောသည်။
နည်းဥပဒေပါ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်တွင် အလုပ်အကိုင်အမျိုးအစား၊ အစမ်းခန့်ကာ လ၊ လုပ်ခ၊ လစာ အပါအ၀င် အလုပ်ချိန်၊ နားရက်၊ အလုပ်ချိန်အတွင်း အစားသောက်အစီအစဉ်၊ နေရာ ထိုင်ခင်း၊ ဆေးဝါးကုသမှု၊ အလုပ်ခွင် ကြိုပို့ စသဖြင့် လိုက်နာရမည့် စည်းကမ်းချက်များ၊ လုပ်ငန်းခွင်ဆိုင် ရာ သင်တန်းတက်ရောက်သူများနှင့် အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်၊ အလုပ်နုတ်ထွက် ခြင်း၊ အလုပ်တာဝန်မှ ရပ်စဲခြင်း၊ စသည်တို့ကို အဓိကထား ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်သည်ဟု ဆို သည်။
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်လင်းက “အလုပ်ခွင်ကျွမ်းကျင်သည့် လုပ်သားရ ရှိရေးက အလုပ်ရှင်တွေပေါ်မှာ မူတည်နေပါတယ်။ ကျွမ်းကျင်သင်တန်း တတ်ရောက်ရာမှာ အလုပ်ရှင် တွေက လစာဖြတ်တောတ်မူမျိုး လုပ်တတ်ကြပါတယ်။ အစိုးရက ဖွင့်လှစ်ပေးထားတဲ့ စက်မူလက်မူကျွမ်း ကျင်သင်တန်းတွေမှာလည်း ကျွမ်းကျင်စွာ သင်ကြားပေးနိုင်မယ့် ဆရာတွေ လိုအပ်နေပါတယ်။သင်တန်း တွေ တက်ရောက်ရာမှာလည်း နယ်ကလာတက်ရတဲ့ အလုပ်သမားတွေမှာ အခက်အခဲများစွာ ရှိပါတယ်” ဟု ဆိုသည်။
နည်းဥပဒေပါ အသက် ၁၆ နှစ်ပြည့်ပြီးသော လူငယ်များကိုသာ အလုပ်သင်အဖြစ် ခန့်ထားရေး ကျွမ်း ကျင်မှုဖွံ့ဖြိုးတိုးတတ်ရေးအဖွဲ့က သတ်မှတ်ထားသော စည်းကမ်းချက်နှင့်အညီ အလုပ်အကိုင်နှင့် သက် ဆိုင်သောသင်တန်းများ စေလွှတ်ပေးရေး စသည့် ပြဋ္ဌာန်းချက်များသည် ကောင်းမွန်သော်လည်း မလိုက် နာသည့် လုပ်ငန်းရှင်များကို ထိုက်သင့်သည့် ပြစ်ဒဏ်ပေးရေးမှာမူ နည်းဥပဒေ၌ မပါဝင်ဟု ၎င်းက ဝေဖန် သည်။
အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ အခန်း(၅)တွင် အလုပ်သမား ကျွမ်းကျင်ဖွံ့ဖြိုးတိုး တတ်ရေးနှင့် လေ့ကျင့်ရေးအစီစဉ်များတွင် အလုပ်ရှင်များက အလုပ်သမားများ၏ ကျွမ်းကျင်မှုအဆင့်မြင့် မားရေး ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ လုပ်သန်းခွင်ပြင်ပ သင် တန်းများ စေလွှတ်သင်ကြားပေးခြင်းများ၊ သတင်းအချက်အလက် နည်းပညာအသုံးပြုသောစနစ်ဖြင့် သင် ကြားပေးခြင်း စသည့် ပြဋ္ဌာန်းချက်များ ပါဝင်သည်။
လူမှုဖူလုံရေးအဖွဲ့ကမူ မြန်မာနိုင်ငံအတွင်း ကျွမ်းကျင်လုပ်သားရှားပါးသည့် ပြဿနာကိုလည်း အဓိကထား ဖြေရှင်းနိုင်ရန် စက်မှုကဏ္ဍ ကျွမ်းကျင်လုပ်သားရရှိရေး သင်တန်းများဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု ဦးယု လွင်အောင်က ပြောသည်။ ယင်းသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် ၀င်ရောက်လာပါက ဖြစ် ပေါ်လာနိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများကို မြန်မာအလုပ်သမားတို့ အသုံးချနိုင်ရန် ရည်ရွယ် ခြင်းဖြစ်သည်။
No comments:
Post a Comment