Tuesday, May 6, 2014

ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့ NLD နဲ့ ၈၈ တို့ ကြိုးစားမယ်

ABC

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​(NLD) ​နဲ့ ​၈၈ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ​ပူးပေါင်းပြီး ​၂၀၀၈ ​ဖွဲ့စည်းပုံ ​အခြေခံဥပဒေပုဒ်မ ​၄၃၆ ​ပြင် ​ဆင်ရေးကို ​လုပ်ဆောင်သွားမယ်လို့ ​သိရပါတယ်။

မေလ ​၄ရက်နေ့မှာ ​ဖွဲ့စည်းလိုက် ​တဲ့ ​လူထုစည်းရုံးလှုပ်ရှားမှု ​ဆောင်ရွက်ရေး ​ပူးပေါင်းကော်မတီကို ​ဖွဲ့စည်းပြီး ​NLD ​အဖွဲ့က ​ပုဂ္ဂိုလ် ​၅ ​ဦးနဲ့ ​၈၈ ​ပွင့်လင်းက ​၅ဦးစီပါဝင်တဲ့ ​ပူးပေါင်း ​ဗဟိုကော်မတီကို ​လည်း ​ဖွဲ့စည်းလိုက်တဲ့ ​အကြောင်း ​၈၈ပွင့်လင်းက ​ကိုဂျင်မီက ​အခုလို ​ပြောပါတယ်။

“ကျနော်တို့ ​၂၀၀၈ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေပါ ​ပုဒ်မ ​၄၃၆ ​ပြင်ဆင်ရေးနဲ့ ​ပတ်သက်ပြီးတော့ ​လူထု ​စည်းရုံး ​လုပ်ရှားမှု ​ဆောင်ရွက်ရေး ​ပူးပေါင်းကော်မတီ ​ဒီနေ့ကျနော်တို့ ​ဖွဲ့စည်းထားပါတယ်၊ ​အဲတော့ ​အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ်နဲ့ ​ကျနော်တို့နဲ့ ​အဓိက ​လုပ်ဆောင်မယ့် ​အလုပ်ဟာ ​၂၀၀၈ ​၂၀၀၈ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေအပါ ​ပုဒ်မ ​၄၃၆ ​ပြင်ဆင်ရေးပေါ့ ​အဲဒီပြင်ဆင်ရေးကို ​အန်တီနဲ့ ​တွဲပြီးတော့ ​ကျနော်တို့ ​လုပ်ဆောင်သွားမယ်။”


ဖွဲ့စည်းပုံထဲမှာပါတဲ့ ​ပုဒ်မ ​၄၃၆ ​အချက်အရ ​လွှတ်တော် ​အမတ်ပေါင်း ​၇၅ ​ရာခိုင်နှုန်းက ​သဘောတူ ​မှသာ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေကို ​ပြင်ဆင်နိုင်မှာ ​ဖြစ်ပါတယ်။ ​၂၀၀၈ ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေကို ​လွှတ်တော်က ​ပြင်ဆင်ရမှာ ​ဖြစ်ပြီး ​ပြင်ဆင်ရေးမှာ ​လွှတ်တော် ​ကိုယ်စားလှယ်တွေ ​အားလုံးပါဝင်ရေးအတွက် ​ပြည်သူလူထုရဲ့ဆန္ဒတွေ ​လွှတ်တော်ကိုရောက်နိုင် ​မယ့်နည်းလမ်းတွေ ​ရှာဖွေပြီး ​ဆောင်ရွက်သွားမယ်လို့လည်း ​ကိုဂျင်မီက ​ပြောပါတယ်။

“အဓိကတော့ ​ဖွဲ့စည်းပုံကို ​ပြင်ရမှာက ​လွှတ်တော်က ​ပြင်ရမှာဗျ၊ ​ဒီပြင်ဆင်ရေးမှာ ​လွှတ်တော် ​ကိုယ်စားလှယ်တွေ ​အားလုံးပါဝင်နိုင်ဖို့ဟာ ​လွှတ်တော် ​ကိုယ်စားလှယ် ​တွေကို ​ရွေးချယ်ပေးခဲ့တဲ့ ​ပြည်သူ ​လူထုကဏ္ဍက ​အရေးကြီးပါ ​တယ်၊ ​ပြီးတော့ ​ဒီ ​၄၃၆ဟာ ​လူထုက ​ရွေးချယ် ​တင်မြောက် ​ထားတဲ့ ​လွှတ်တော် ​ကိုယ်စားလှယ်တွေရဲ့ ​အခန်းကဏ္ဍ ​ကို ​မှေးမိန်အောင် ​လုပ်ထားတဲ့ ​လုပ်ထုံး ​လုပ်နည်းဖြစ်နေတာကို ​တွေ့ရတဲ့အတွက် ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေပြင် ​တင်ရေးနဲ့ ​ပတ်သက်ပြီး ​လွှတ်တော် ​ကိုယ်စားလှယ်တွေ ​အခန်း ​ကဏ္ဍဟာ ​အရေးကြီး ​တဲ့နေရာကို ​ပြန်ရောက် ​လာဖို့ ​အတွက် ​လည်း ​၄၃၆ ​ပြင်ဆင်ရေးကို ​လုပ်တာ ​ဖြစ်တဲ့ ​အတွက် ​လွှတ်တော် ​ကိုယ်စားလှယ် ​အားလုံး ​ပါဝင်နိုင်ဖို့ရယ်၊ ​ပြည်သူလူထုနဲ့ ​အတူ ​ပူးပေါင်း ​ပါဝင်လာဖို့ ​နည်းလမ်းတွေ ​ရှာဖွေပြီးဆောင်ရွက် ​သွားမှာဖြစ်တယ်။”

၂၀၀၈ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေပြင်ဆင်ရေးနဲ့ ​ပတ်သက်တဲ့ ​ဟောပြောပွဲတွေကို ​အမျိုးသား ​ဒီမိုကရေစီအဖွဲ့ချုပ် ​(NLD) ​နဲ့ ​၈၈ပွင့်လင်း ​လူ့အဖွဲ့အစည်းတို့က ​ ရန်ကုန်မြို့မှာ ​မေလ ​၁၇ရက်နေ့နဲ့ ​မန္တလေးမြို့မှာ ​မေလ ​၁၈ရက် ​နေ့မှာ ​ပြုလုပ်ဖို့ရှိနေပြီး ​အဖွဲ့ချုပ် ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​၈၈ပွင့်လင်းက ​ဦးမင်းကိုနိုင်တို့ ​ပါဝင်ဟောပြောမှာ ​ဖြစ်တယ်လို့လည်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထားပါတယ်။

No comments: