Khonumthung
ရာသီဥတုအပူချိန်မြင့်သထက်မြင့်တက်လာမှုကြောင့် ကလေးမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုက်ပိုင်းနှင့် ကလေးသူ ငယ်များ နေမကောင်း၊ မကျန်းမာမှုများများပြားလာတယ်လို့ သိရပါတယ်။ “ရာသီဥတုက အရမ်းပူတော့ ချွေးထွက် များပြီး ခေါင်း ကိုက်တာ၊ ခေါင်းနာတာတို့အရမ်းအဖြစ်များတယ်၊ အထူးသဖြင့် သက်ကြီးရွယ်အိုရယ်၊ ကလေးတွေမှာ ပိုပြီးအဖြစ်များတယ်” လို့ ဒေသခံတဦးက ပြောသည်။
ကလေးမြို့နယ်ရှိနေထိုင်သူများမှာ ယခုလိုရာသီဥတုအရမ်းပူနေတဲ့အချိန်မျိုးမှာဆိုရင် အိမ်အောက်မှာဖျာခင်ပြီးနေရ တယ်၊ သစ်ပင်အောက်တွေမှာ သွားသွားနေရတဲ့အခြေအနေမျိုးလည်း ရှိတယ်လို့ အဆိုပါလူက ယခုလိုပြောပါတယ်။
“အရမ်းကိုပူတယ်ဗျား၊ အိမ်ထဲမှာလည်း နေလို့မရဘူး။ အပြင်ထွက်ပြန်တော့လည်း ဖျားမှာ၊ နာမှာ ကြောက်ရတယ်။ အိမ်ထဲမှာလဲ နေလို့မရဘူး အိမ်အောက်၊ သစ်ပင်အရိပ်တွေမှာ သွားသွားနေရတယ်” လို့ ဆက်ပြောပါတယ်။
ယခုတလော ကလေးမြို့ရဲ့ အပူချိန်ဟာ အနိမ့်ဆုံး ၄၂ စင်တီဂရိတ် မှ အမြင့်ဆုံး ၄၄ စင်တီဂရိတ်အထိ အပူချိန်ရှိပါ တယ်။ ယခုတလော ကလေးမြို့ပူချက်ကတော့ မြန်မာနိုင်ငံ အပူဆုံးဒေသများဖြစ်ကြသော မုံရွာ၊ မန္တလေးများနဲ့ အတူတူဖြစ်နေပါသည်။
မြန်မာနိုင်ငံအတွင်း အပူချိန်အနိမ့်ဆုံးဒေသမှာ ရှမ်းပြည်နယ်ဖြစ်ပြီး ၁၈ စင်တီဂရိတ် မှ ၃၅ စင်တီဂရိတ်အကြား ဖြစ်ပြီး၊ ချင်းပြည်နယ်မှာတော့ အပူချိန်အနိမ့်ဆုံး ၂၅ စင်တီဂရိတ် မှ ၃၅ စင်တီဂရိတ်အကြားမှာရှိပြီး အလယ်အလတ် လောက်မှာရှိပါတယ်။

No comments:
Post a Comment