မောင်သင်တုန်း၊ ကေဇူး
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံး ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို တစ်ပတ် အတွင်းဟုဆိုကာ ရှောင်နေခိုင်းခဲ့သော်လည်း တစ်နှစ်ခွဲကြာသည် အထိ ပြန်လည် ပို့ဆောင်ခြင်းမရှိသေးဟု ယင်းဒုက်္ခသည်စခန်းမှ ဥက္ကဋ္ဌ ဦးထွန်းထွန်းက မေ ၅ ရက်က မဇ္ဈိမကိုပြောသည်။
ဥက္ကဋ္ဌ၏ ပြောဆိုချက်များအရ အဆိုပါ ဒုက္ခသည်များသည် ကျောက်ဖြူမြို့တွင်းတွင် နေထိုင်ကြသူများဖြစ်ပြီး ၂၀၁၂ ခုနှစ် အတွင်းက ရခိုင်ပြည်နယ် ပဋိပက္ခများဖြစ်ပွားချိန်တွင် မြို့မိမြို့ဖများက ယင်းဒုက်္ခသည် စခန်းသို့ တိမ်းရှောင်ရန် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။“ဒေသမှာ ရှိတဲ့သူတွေနဲ့ ဘယ်သူနဲ့မှ ဘာမှ မဖြစ်ခဲ့ဘူး၊ အခြားနေရာတွေမှာ ပြဿနာတွေဖြစ်နေလို့ ခင်ဗျားတို့ လုံခြုံရေးအတွက် တစ်ရက် နှစ်ရက် လောက် ရှောင်နေဖို့ကားပေါ်တင်ပြီး ခေါ်လာတာ အခုတစ်နှစ်ကျော်ကြာပြီ ပြန်မပို့သေးဘူး”ဟု ဦးထွန်းထွန်းက မဇ်္ဈိမကိုပြောသည်။
ဒုက္ခသည်စခန်းတွင် တစ်နှစ်ကျော် နေထိုင်ခဲ့သည့်ကာလအတွင်း မူလတန်းမှအထက်တန်း အထိ ကျောင်းသားဦးရေ ၂၀၀ ကျော်အတွက် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပညာသင်ကြားနေရသည်ဟု ဒုက္ခသည်စခန်းမှ ကိုသက်နိုင်က ပြောသည်။
“ကလေးတွေကို ဒီအထဲက ဆယ်တန်းအောင်ဘွဲ့ရတဲ့ ကလေးတွေနဲ့ ကျောင်းဆရာလေးယောက် စာသင် ပေးတယ်”ဟု ဦးသက်နိုင်ကပြောသည်။ဒုက္ခသည်များ နေရပ်ပြန်လိုခြင်းနှင့်ပတ်သက်၍ ကျောက်ဖြူ မြို့မိမြို့ဖ ဦးအောင်မြတ်ကျော်က “မူရင်းနေရာမှာနေရာချဖို့ဆိုတာ အစိုးရခွင့်ပြုချက်ရမှ ချနိုင်မှာပါ။ အခု ကျောက်ဖြူမြို့ထဲမှာက အစ္စလာမ်ဘာသာဝင်တွေ မရှိတော့ဘူး၊ ဒီဘက်မှာက အချိန်မရွေး ပြဿနာဖြစ်နေတယ်။ ဒါကြောင့် အခြေအနေကို ဒီထက် တည်ငြိမ်အောင် စောင့်နေရတာပါ”ဟု မဇ္ဈိမကို ပြောသည်။
ကျောက်တစ်လုံးဒုက္ခသည်စခန်းတွင် ဒုက်္ခသည် ၁၅၀၀ ကျော်ရှိကာ အစ္စလာမ်ဘာသာဝင်များနှင့် ကမန်၊ မရမာကြီး၊ ဗုဒ်္ဓ၊ ဟိန္ဒူ၊ ခရစ်ယာန် စသော သက်သေခံကတ်များ ကိုင်ဆောင်ထားကြသူများ ဖြစ်သည်ဟု ဦးထွန်းထွန်းကပြောသည်။
No comments:
Post a Comment