Monday, May 26, 2014

၄၃၆ ပြင်ပေးရေး ခရိုင်လုံးဆိုင်ရာ၊ဆန္ဒထုတ်ဖော်မှု ပထမဆုံးစတင်

အေးမြင့်စန်း

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးရန် နိုင်ငံရေးသမားများနှင့်အဖွဲ့အစည်း ၁၃ ဖွဲ့မှ လူအင်အား ၁,၀၀၀ ကျော်က မေလ ၂၅ ရက်တွင် ရန်ကုန်အရှေ့ ပိုင်းခရိုင်လုံးအဆင့်အဖြစ် ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်သူများအဖွဲ့၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ ဒီမိုကရေစီအင်အားစု၊ နိုင်ငံ ရေးသိပ္ပံကျောင်း နှင့် ကဗျာဆရာများသမဂ္ဂ၊ ဒဂုံမြို့သစ် လေးမြို့နယ် ပြည်သူ့ကွန်ရက်လှုပ်ရှားမှု အပါအ ၀င် အဖွဲ့ ၁၃ ဖွဲ့က သာကေတမြို့ နယ်အတွင်းမှ ဒေါပုံမြို့နယ် ဘောလုံးအား ကစားကွင်းအထိ ငြိမ်းချမ်း စွာ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက “တပ်မတော်ကထိုးစစ်ဆင်နေတဲ့အချိန်မှာ သမ္မတက ဘာမှ မပြောနိုင်တာ အခြေခံဥပဒေကြောင့် ဖြစ်ပါတယ်။ တိုင်း ရင်းသားတွေ လွှတ်တော်ထဲမ၀င်ဘဲ လက်နက် ကိုင်နေတာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံနိုင်လို့ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမပြင်ရင် နောက် ထပ်စစ်ပွဲတွေ ထပ်ဖြစ်နေဦးမှာပါ” ဟု ပြောသည်။

ဆန္ဒထုတ်ဖော်သူများသည် စီတန်းလှည့်လည်ရာတွင် တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရရှိရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးရန်၊ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရန်တို့ကို ကြွေးကြော်ခဲ့သည်။

စီတန်းလမ်းလျှောက်မှုပြီးဆုံးသည့် ဒေါပုံဘောလုံးကွင်း၌ ၈၈(ငြိမ်း/ပွင့်)မှ ကိုဌေးကြွယ်နှင့် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေအပါအ၀င် နိုင်ငံရေး လှုပ်ရှားသူများ က ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများ တက်ရောက်ခဲ့သည်ဟွုGeneration Wave မှ ကိုသူရိန်က ဆိုသည်။

လက်ရှိတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒဖော်ထုတ်မှုများကို NLD၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းတို့ကလည်း တိုင်းရင်းသားပါတီအချို့နှင့် ပူးပေါင်းက နိုင်ငံအနှံ့ပြုလုပ်နေပြီဖြစ်သည်။

မေလ ၂၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေပြည်တော်၌ ဖွဲ့စည်းပုံ ပြင်ရေး လူထုဆန္ဒကိုယ် တိုင် ကောက်ခံရန် စီစဉ်ထားသည်။

No comments: