Monday, May 5, 2014

သန်းခေါင်စာရင်း ကောက်ယူလို့ မရတဲ့ နေရာတွေကျန်ရှိနေသေး

ABC

တစ်နိုင်ငံလုံး ​သန်းခေါင်စားရင်းကောက်ယူတာ ​သတ်မှတ်ရက်ပြီးဆုံးသွားပြီ ​ဖြစ်ပေမယ့် ​ကျန်နေရာ ​တချို့မှာ ​သန်းခေါင်စာရင်းကောက်ယူ ​နိုင်တဲ့အခြေအနေ ​မရှိသေးဘူးလို့ ​သိရပါတယ်။

ကချင်လက်နက်ကိုင်အဖွဲ့ ​ထိန်းချုပ်နယ်မြေမှာ ​ရှိတဲ့ ​ရှမ်းရွာ ​၃၇ ​ရွာမှာ ​သန်းခေါင်စာရင်း ​မကောက်ယူ ​နိုင်သေးကြောင်းနဲ့ ​အဲဒီဒေသမှာ ​လူဦးရေ ​စုစုပေါင်း ​သုံးသောင်းကျော် ​ရှိတယ်လို့ ​တိုင်းလိုင် ​(ရှမ်းနီ) ​အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ​ဥက္ကဌ ​ဦးစိုင်းဌေးအောင်က ​ပြောပါတယ်။

အဲဒီရွာတွေဟာ ​ကချင်လက်နက်ကိုင်အဖွဲ့ ​ကေအိုင်အေက ​သတ်မှတ်ထားတဲ့ ​သန်းခေါင်စာရင်း ​မကောက်ခံရ ​နယ်မြေတွေဖြစ်တယ်လို့ ​ဦး ​စိုင်းဌေးအောင်က ​ပြောတဲ့အကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

တဆက်တည်းမှာပဲ ​သန်းခေါင်စာရင်း ​ကောက်ယူရာမှာ ​မသန်စွမ်းသူတချို့ကို ​အချက်အလက် ​အမှန်အတိုင်း ​ကောက်ယူမှုမရှိဘူးလို့ ​မသန်စွမ်း ​အားကစားသမား ​အချို့က ​ပြောပါတယ်။

သန်းခေါင်စာရင်း ​ကောက်ယူရာမှာ ​ဥာဏ်ရည်မသန်စွမ်း၊ ​ကိုယ်အင်္ဂါမသန်စွမ်း၊ ​အမြင်အာရုံမသန်စွမ်း၊ ​အကြားအာရုံ ​မသန်စွမ်း ​တဲ့သူတွေကို ​မသန်စွမ်းစာရင်းအဖြစ် ​ကောက်ယူရမယ်လို့ ​သန်းခေါင်စာရင်း ​ကောက်ယူရေး ​ကော်မတီက ​ဆိုပါတယ်။

ဒါပေမယ့် ​မွေးရာပါ ​ခြေနှစ်ဖက်ပြတ်ပြီး ​မသန်းစွမ်းအားကစားသမားဖြစ်တဲ့ ​ဦးထူးထူးအောင်ကတော့ ​သန်းကောင်စာရင်း ​ကောက်ခံသူတွေက ​သူ့ကို ​လူကောင်းစာရင်းထဲမှာပဲ ​ထည့်သွင်းထားကြောင်း ​သတင်းထောက် ​ဇော်ဇော်ရဲ့ ​သတင်းပေးပို့ချက်အရ ​သိရပါတယ်။

လက်ရှိ ​မြန်မာနိုင်ငံတ၀ှမ်းလုံး ​သန်းခေါင်စာရင်းကောက်ယူမှုဟာ ​၉၉ ​ရာခိုင်နှုန်းလောက် ​အောင်မြင်မှုရှိတယ်လို့တော့ ​ပြည်သူ့ ​အင်အားဦးစီးဌာနက ​ထုတ်ပြန်ထားတဲ့အကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

၂၀၁၄ ​ခုနှစ် ​ပြည်လုံးကျွတ်သန်းခေါင်စာရင်း ​ကောက်ယူမှုကို ​မတ်လ ​၃၀ရက်နေ့ ​ကနေ ​ဧပြီလ ​၁၀ ​ရက်နေ့အထိ ​ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

No comments: