မင်းမင်း
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် မေလ ၃ ရက်က သမ္မတအရည်အချင်း ကန့်သတ်ချက်ပုဒ်မ မပြင် ရေး ဆန္ဒထုတ်ဖော်မှုသည် ပြည်ခိုင်ဖြိုးပါတီဗဟို၏ တရားဝင်ညွှန်ကြားချက်မဟုတ်ဟု ဗဟိုအလုပ်အမှု ဆောင်များ၊ ဒေသခံ ပြည်ခိုင်ဖြိုး လွှတ်တော်အမတ်က ပြောသည်။
“ကျွန်တော်လည်း ကြားတယ်ဗျ။ ဗဟိုအလုပ်အမှုဆောင်က ညွှန်ကြားထားတာတော့ မရှိပါဘူး။ ကျွန်တော့် မြို့နယ်မှာလည်း အေးအေးဆေးဆေးပါပဲ” ဟု ဗဟို ကော်မတီဝင် အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေ က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည့်ပုဒ်မဟု အများယုံကြည်သော ပုဒ်မ ၅၉(စ) မပြင်ရေးအပါအဝင် သုံးချက်ကို ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး လူတစ်ထောင်ကျော် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု မေ ၄ ရက်ထုတ် The Daily Eleven သတင်းစာတွင်ရေး သားထားသည်။
သို့သော် လေးမျက်နှာမြို့ခံ ပြည်သူ့လွှတ်တော်အမတ် ဦးဘဌေးကမူ “ကျွန်တော်တောင် မသိပါဘူး။ ကျွန် တော့်ကို တိုင်ပင်တာလည်းမရှိဘူး၊ ပါတီက ညွှန်ကြားတာမျိုး မရှိပါဘူး”ဟု လေးမျက်နှာ မြို့နယ်မှ ပြည်ခိုင် ဖြိုးအမတ် ဦးဘဌေးက မဇ္ဈိမကိုပြောသည်။
အဆိုပါ ပုဒ်မ၅၉(စ)ကို မပြင်လိုဟု လူတစ်သိန်းကျော်က လက်မှတ်ထိုးထားသည်ဆိုသော စာရွက်စာတမ်း များကို ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာ သုံးသပ်ရေးကော်မတီသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက နှစ်ဆန်းပိုင်းအတွင်း ပေးပို့သည့်ဖြစ်စဉ် ပေါ်ပေါက်ဖူးသည်။
No comments:
Post a Comment