မင်းမင်း
လယ်ယာမြေပြဿနာများကို လွှတ်တော်အမတ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် သမ္မတဦးသိန်းစိန်က ညွှန် ကြားထားသော်လည်း လက်တွေ့အခြေအနေတွင် အုပ်ချုပ်ရေးပိုင်းက ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ မည်ကဲ့ သို့ဖြေရှင်းနေသည်ကိုပင် မသိရှိဟု လွှတ်တော်အမတ်တို့က ဝေဖန်လိုက်သည်။
လယ်ယာမြေပြဿနာများဆောလျင်စွာပြီးပြတ်နိုင်ရေးအတွက် ဒု-သမ္မတဦးဥာဏ်ထွန်းဦးဆောင်နေသည့် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီအဆင့်ဆင့်နှင့် လွှတ်တော်အမတ်တို့ ပူးပေါင်းဖြေရှင်းရန် သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီ ၂၈ ရက် ရက်စွဲဖြင့် ညွှန်ကြားထားခြင်းဖြစ်သည်။
“ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဗျ။ ကျွန်တော်သွားမေးတဲ့အခါ ကျွန်တော်တို့မန္တလေးတိုင်းမှာ ၅၄မှု ဖြေရှင်း ပြီးပြီ။ ၂၇၂ မှုကို ဆက်လက်ဖြေရှင်းနေပါတယ်လို့တော့ ပြောတယ်။ ဘယ်လိုဖြေရှင်းနေလဲဆိုတာ မသိရ ဘူး” ဟု မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းထွန်းဦးက မေ ၅ ရက်တွင် မဇ္ဈိမကို ပြောသည်။
အဆိုပါ မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီများကို တိုင်းအဆင့်တွင် ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူ ထားသလို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတို့ကို ဥက္ကဋ္ဌများအဖြစ် တာဝန်ပေးထား သည်။
ပူးပေါင်းဖြေရှင်းမှု မရှိသည့်အတွက် မည်ကဲ့သို့ဖြေရှင်းနေသည်ကို အုပ်ချုပ်ရေးပိုင်းထံ ဆက်သွယ်မေးမြန်းခဲ့ သော်လည်း တိကျသည့် အဖြေပေးခြင်းမရှိဟု အမတ်တို့က ဆိုသည်။
“ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အများပြည်သူတို့မနစ်နာစေရန် ပွင့်လင်းမြင်သာစွာ ရှင်းလင်းဆောင်ရွက် နေမှုအားအထောက်အကူဖြစ်စေမည့်အပြင် ပကတိ အခြေအနေမှန်ကိုလည်း လွှတ်တော်များက အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်မည်” ဟု သမ္မတက ညွှန်ကြားထားခြင်းဖြစ်သည်။
“ကော်မတီမှာပါတဲ့ အာဏာပိုင် အဆင့်ဆင့်က လက်ရှိအခြေအနေမှာ ဘယ်မြေတွေပြန်ပေးပါမယ်။ ဘယ် လိုပြန် ပေးပါမယ်ပြောတာတွေ မတွေ့ရဘူးဗျ။ သတင်းစာတွေမှာ ပြန်ပေးပြီဆိုတာ ပြောနေပေမယ့် လက် တွေ့မှာ ဘာမှမရှိသေးဘူး” ဟု အစိုးရရုံးစိုက်ရာ နေပြည်တော် ကောင်စီနယ်မြေရှိ ဥတ္တရသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက ပြောသည်။
လယ်ယာမြေပြဿနာများကို အုပ်ချုပ်ရေးပိုင်းနှင့် လွှတ်တော်အမတ်များ ပူးပေါင်းဖြေရှင်းရန် မြေအသုံးချမှု စီမံ ခန့်ခွဲရေးကော်မတီတွင်ပါဝင်သည့် အုပ်ချုပ်ရေး အဆင့်ဆင့်ထံ စာဖြင့်ညွှန်ကြားထားသည်ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဧပြီ ၂၉ တွင် ပြုလုပ်သည့် တိုင်းလွှတ်တော်တွင် ပြောဆိုထားသေးသည်။
သို့သော် “စာထုတ်ထားတယ်လို့တော့ ပြောတယ်။ အခုချိန်ထိ ပူးပေါင်းဆောင်ရွက်တာ မရှိပါဘူး” ဟု ဗဟန်းမြို့နယ်မှ တိုင်းအမတ် ဒေါက်တာညိုညိုသင်းက မဇ္ဈိမကိုပြောသည်။
မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ၏တာဝန်မှာ ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသော လယ် ယာမြေစုံစမ်းရေး ကော်မရှင်က စုံစမ်းထားသည့် လယ်ယာမြေသိမ်းပြဿနာကို ပြန်လည်စိစစ်ကာ မူလပိုင်ရှင် များထံ ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။
ကော်မတီသည် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသော လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းစစ် ဆေးရေးကော်မရှင်သို့ ပြည်သူများ တိုင်ကြားထားသည့် လယ်ယာမြေ ပြဿနာအမှုအရေအတွက် ၇၄၅ မှုကို တစ်ရက်လျှင် နှစ်မှုနှုန်းဖြင့် တစ်နှစ်အတွင်း အပြီးဖြေရှင်းပေးမည်ဟု ကော်မတီဖွဲ့စည်းပြီးကာစ ၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလက ကတိပြုပြောဆိုထားသည်။
ယင်းအပြင် သိမ်းဆည်းထားသော လယ်ယာမြေများအား မူလပိုင်ရှင်တို့ထံ ယခုနှစ် မိုးစပါးစိုက်ရာသီအမီ ဇွန်လ မတိုင်မီနှင့် ဆောင်းစပါးစိုက်ပျိုးရာသီအမီ စက်တင်ဘာလမတိုင်မီ ပြန်ပေးရန် လွှတ်တော်ကလည်း တိုက်တွန်းထားသေးသည်။
သို့သော် ထိုကာလအတွင်း မပြီးစီးနိုင်ဟု ရန်ကုန်တိုင်း မြေယာစုံစမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သိန်း လင်းက မဇ္ဈိမကို သုံးသပ်ပြောဆိုဖူးသည်။ ယင်းကို ဖြေရှင်းရန် လွှတ်တော်၊ အစိုးရ၊ သိမ်းဆည်းသူ၊ နစ်နာ သူများ မျက်နှာချင်းဆိုင်တွေ့ဆုံနိုင်ရေးကြိုးပမ်းမည်ဟု ပြောသည်။
လယ်ယာမြေပြဿနာများကို အစိုးရကိုင်တွယ်ဖြေရှင်းပုံ နှေးကွေးလွန်းခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ နည်း စနစ်မကျခြင်းသည် မြေယာစီမံခန့်ခွဲမှုကော်မတီတွင် မြေသိမ်းသူများ၊ မြေသိမ်းစဉ်က တာဝန်ရှိသူများ ပါ ဝင်နေခြင်းကြောင့် ကြန့်ကြာနေခြင်းဟု အမတ်တို့က သုံးသပ်ပြောဆိုသည်။
No comments:
Post a Comment