ABC
မြန်မာနိုင်ငံအနေနဲ့ မကြာမှီကာလအတွင်းမှာပဲ နိုင်ငံခြားဘဏ်တွေကို မြန်မာပြည်တွင်းမှာ ဘဏ်ခွဲတွေဖွင့်လှစ်ခွင့် ပေးသွားဖို့ရှိပါတယ်။
စနေနေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ မြန်မာ ဘဏ်ဏ္ဍရေး ဆိုင်ရာ အစည်းအဝေး အတွင်း ထိပ်တန်း ဘဏ်ဏ္ဍရေး တာဝန်ရှိသူတွေ တက်ရောက် ခဲ့ကြပြီး နိုင်ငံခြား ဘဏ်တွေကို ပြည်တွင်းမှာ ဖွင့်လှစ်ခွင့် ရင်းနှီး မြုပ်နှံ ခွင့်ပြုဖို့ အကြောင်းကို အဓိကထား ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ အတွင်းမှာ ကိုယ်စားလှယ် ရုံးဖွင့်လှစ် ထားတဲ့ နိုင်ငံခြားဘဏ် ၄၂ ခုထဲက ငါးခုကနေ ဆယ်ခုအထိ ဘဏ်ခွဲဖွင့် လှစ်ခွင့် ပေးသွားဖို့ရှိ တယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က ပြောပါတယ်။
မြန်မာနိုင်ငံ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုး တက်ရေး ကော်မတီ ဥက္ကဌ ဦးအောင်သောင်းရဲ့ အဆိုအရ နိုင်ငံခြား ဘဏ်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ခွင့် ရပြီး နောက်ပိုင်း ပြည်တွင်းက ဘဏ်တွေကို ချေးငွေတွေ ပေးနိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုး တက်ဖို့အတွက် နိုင်ငံခြား ဘဏ်တွေကို ပြည်တွင်းမှာ ရင်းနှီးမြုပ်နှံ ခွင့်ပြုသွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလောလောဆယ် မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်း ကိုယ်စားလှယ်ရုံး ဖွင့်ထားတဲ့ နိုင်ငံခြား ဘဏ်တွေကတော့ တရုတ်နိုင်ငံက ဘဏ်တွေ အပြင် စင်္ကာပူ၊ ယူကေ၊ သြစတြေးလျ၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံက ဘဏ်တွေဖြစ်ကြပါတယ်။

No comments:
Post a Comment