Tuesday, November 18, 2014

ရက်ပေါင်း ၆၀ အတွင်း တုန့်ပြန်မှုလုပ်ဖို့ ဆန္ဒပြကျောင်းသားတွေဆို

ABC

ရန်ကုန်မြို့မှာ ​လေးရက်ဆက်တိုက် ​ဆန္ဒပြခဲ့ကြတဲ့ ​တက္ကသိုလ် ​ကျောင်းသူ ​ကျောင်းသားတွေက ​သူတို့ရဲ့ ​တောင်းဆိုမှုတွေကို ​အစိုးရက ​ရက်ပေါင်း ​၆၀ ​အတွင်း ​လိုက်လျောမှုမရှိရင် ​ဆန္ဒပြမှုကို ​အရှိန်တိုးမြင့်မယ်လို့ ​ဗီအိုအေ ​သတင်းကို ​ပြောသွားခဲ့ပါတယ်။

မြန်မာအစိုးရက ​ထုတ်ပြန်တဲ့ ​အမျိုးသား ​ပညာရေးဥပဒေဟာ ​ဒီမိုကရေစီနည်းမကျသလို ​တက္ကသိုလ်တွေကို ​လုပ်ပိုင်ခွင့် ​အာဏာ ​လျှော့ချတယ်ဆိုပြီး ​ဆန္ဒပြနေကြတာ ​ဖြစ်ပါတယ်။

မနေ့တုန်းကတော့ ​ရန်ကုန်မြို့တွင်းနဲ့ ​မြို့တော် ​ခန်းမ ​နားမှာ ​ဆန္ဒပြကြတာဖြစ်ပြီး ​တနင်္ဂေ ​နေ့ ​တုန်းကတော့ ​ရွှေတိဂုံ ​ဘုရား ​အနားမှာ ​ဆန္ဒပြခဲ့ ​ကြတာ ​ဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ ​ပညာရေးဥပဒေမှာ ​ထိန်းချုပ်မှုတွေ ​များလွန်းတယ်ဆိုပြီး ​တက္ကသိုလ်ကျောင်းသားတွေက ​ဆန္ဒပြနေကြတာ ​ဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ ​ပညာရေး ​ဥပဒေက ​တက္ကသိုလ်တွေကို ​လုပ်ကိုင်ခွင့် ​ပိုပေးမှာဖြစ်ပြီး ​သီးသန့်လွတ်လပ်တဲ့ ​အဖွဲ့တွေကလည်း ​ပိုမို ​လုပ်ကိုင်ခွင့်ရှိမယ်လို့ ​ပြောပါတယ်။

ဒါပေမဲ့ ​တက္ကသိုလ်ကျောင်းသား ​အဖွဲ့အစည်းတွေကတော့ ​အခု ​ထုတ်ပြန်လိုက်တဲ့ ​ပညာရေးဥပဒေက ​တက္ကသိုလ်တွေရဲ့ ​လုပ်ပိုင်ခွင့်ကို ​လျှော့ချမှာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ဒီပညာရေးဥပဒေဟာ ​ကျောင်းသားနဲ့ ​ပြည်သူတွေအတွက် ​ပြဌာန်းထားတဲ့ ​ဥပဒေမဟုတ်တဲ့အတွက် ​ဆန္ဒပြရတာ ​ဖြစ်တယ်လို့လည်း ​ပြောဆိုကြပါတယ်။

လွန်ခဲ့တဲ့ ​သောကြာနေ့ကစပြီး ​ကျောင်းသားအယောက်ပေါင်း ​၃၅၀ ​လောက် ​ရန်ကုန်မြို့မှာ ​စတင်ဆန္ဒပြကြတာ ​ဖြစ်ပြီး ​စနေနေ့တုန်းကတော့ ​ရန်ကုန်တက္ကသိုလ်မှာ ​ဆန္ဒပြခဲ့ကြတာ ​ဖြစ်ပါတယ်။

No comments: