မင်းအောင်ခိုင်
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ် မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံအတွင်းသို့ လာရောက်စဉ် သတင်းစာရှင်း လင်းပွဲ၌ ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို သုံးစွဲပြောဆိုခဲ့သည့်အတွက် အဆိုပါပြောဆိုမှု ကို ရခိုင်ပြည်နယ် စစ်တွေမြို့မှ ရဟန်းသံဃာများ အပါအဝင် လူမှုအဖွဲ့အစည်းများ စုပေါင်းကာ နိုဝင်ဘာ ၂၃ ရက်တွင် အင်အား ၃,၀၀၀ ခန့် ကန့်ကွက်ဆန္ဒပြသည်။
“သမိုင်းလိမ် ရိုဟင်ဂျာ ရခိုင်ပြည်တွင် လုံးဝမရှိ၊ လူ့အခွင့်အရေးဆိုသူများ ရခိုင်လူမျိုးကိုအားနာပါ၊ အမှန် တရားကို မသိသော ဘန်ကီမွန်း ယူအင်န်လူကြီး အလိုမရှိ” စသည့် ဗီနိုင်းများကို ကိုင်ဆောင်လျက် စစ် တွေမြို့ ၀င်္ကပါကွင်းမှ စတင်၍ ချီတက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
“သမ္မတကိုယ်တိုင် မရှိပါဘူးဆိုတာကို ယူအင်န်အကြီးအကဲ တစ်ယောက်က မြန်မာနိုင်ငံအတွင်းကိုလာပြီး ရိုဟင်ဂျာလို့ သုံးသွားတာ၊ ဆက်ပြီးလည်းဒါပဲခေါ်မယ် ဒီနာမည်ကိုပဲ သုံးမယ်ဆိုတာမျိုးက နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာကိုထိပါးတာ၊ နိုင်ငံတစ်ခုရဲ့ ဥပဒေတွေကို ချိုးဖောက်တာ၊ မြန်မာနိုင်ငံသားအားလုံးကို စော်ကားတာပဲ”ဟု စစ်တွေမြို့မိမြိုဖ တစ်ဦးဖြစ်သူ ဦးသာပွင့်က မဇ္ဈိမကို ပြောသည် ။
ရခိုင်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ ဦးခိုင်ူပြည်စိုးက “နိုင်ငံတကာမှာစံထားလောက်တဲ့ ကုလသမဂ်္ဂ အဖွဲ့အစည်း ရဲ့ အကြီးအကဲ တစ်ယောက်က အဲဒီလိုမျိုးသုံးသွားတာဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေကို ပြောင် ပြောင်တင်း တင်း ၀င်ရောက်ချိုးဖောက်တာပဲလေ။ ဒါမျိုးကို ကျွန်တော်တို့ပါတီအ နေနဲ့ လုံးဝလက် ခံလို့မရပါဘူး” ဟုဆိုသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် နိုဝင်ဘာလ ၁၂ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်အတွင်း နေထိုင်သော ဘင်္ဂါလီများကို ရိုဟင်ဂျာဟု သုံးနှုန်းပြောဆို ခဲ့ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက နိုဝင်ဘာလ ၁၃ ရက်တွင်ကန့်ကွက်စာတစ်စောင် ပေးခဲ့သည်။ ဘန်ကီမွန်းက အသုံးအနှုန်းထက် နှစ်ဖက်သဟဇာတဖြစ်ရေးသည် ပိုအရေးကြီးကြောင်း တုံ့ပြန်သည်။
No comments:
Post a Comment