အေးမြင့်စန်း
ရန်ကုန်မြို့တွင် မြို့နယ်သစ် ခုနစ်ခု ဖော်ထုတ်ရန် လျာထားသည့်နေရာများတွင် မြေလွတ်မြေရိုင်း တိုင်းတာ ခြင်းနှင့် ကျုးကျော်များ စာရင်းကို ၂၀၁၅ ဇန်န၀ါရီလတွင် စတင်ကောက် ယူမည်ဟု ရန်ကုန်မြို့ တော်စည်ပင် မြို့ပြဖွံ့ ဖြိုးရေးနှင့် မြေနေရာ စီမံခန့် ခွဲရေး ဌာနမှ ဒုတိယ ဌာနမှူး ဦး တိုးအောင်က မဇ္ဈိမ ကို ပြောသည်။
ပျော်ဘွယ်ကြီး၊ သပြေကုန်း၊ ထန်းတပင်၊ မှော်ဘီလိပ်၊ ဖုတ်ချောင်းအနီး၊ အမှတ် (၃) လမ်းဆုံအနီး၊ တွံတေး တူးမြောင်းဘေး စသည့် နေရာ များတွင် မြို့နယ် သစ်ခုနစ်ခု ဖော်ထုတ်ရန် လျာထားပြီး အဆိုပါနေရာများရှိ အိမ်ရာမဲ့ကျူးကျော်နေထိုင်သူများ စာရင်းကောက်ယူခြင်း၊ မြေလွတ် ၊ မြေရိုင်းများ တိုင်းတာခြင်း ကို ဆောင် ရွက်မည်ဟု ၎င်း က ပြောသည်။
ဒုတိယဌာနမှူး ဦးတိုးအောင်က“လျာထားတဲ့နေရာတွေမှာ ရေပေးဝေဖို့ရလား ဆိုတာတွေ မြေအနေအထား ကို တိုင်းတာမှုတွေလည်း လုပ်မှာပါ။ နဂိုနေ ထိုင်ခဲ့ သူတွေ ဟုတ်မဟုတ် ဆိုတာ လေ့လာတာတွေရှိမယ်။ ရန်ကုန်မြို့နယ်သစ်တွေမှာ ကျုးကျော်တွေ ကိုချည်းနေရာပြန်ပေးရင် ဥပဒေအရ ဘယ်မှမကျုးကျော်တဲ့ ရန်ကုန် မြို့ခံတွေက မကျေနပ်မှုတွေ ဖြစ်လာနိုင်တယ်”ဟု ပြောသည်။
အကျယ်အ၀န်း အားဖြင့် မြို့နယ်သစ် တစ်ခုလျှင် ဧက ၅၀၀ ခန့် မျှော်မှန်း ထားပြီး မြို့နယ်သစ် များတွင် နေထိုင်မည့် လူဦးရေ ပမာဏ အလိုက် ကျန်းမာရေး၊ ပညာရေး အခြေခံအဆောက်အအုံများ ဆောက်လုပ် ပေးမည်ဖြစ်သည်။ ထို့အပြင် အိမ်ရာ စီမံကိန်းများ ဖော်ထုတ် မည်ဖြစ်ရာ ယင်းအိမ်ရာ စီမံကိန်း များတွင် ရန်ကုန်တိုင်း တစ်တိုင်းလုံးရှိ အိမ်ရာမဲ့များ၊ ဒေသခံ အိမ်ရာမဲ့များကို အရစ်ကျစနစ်ဖြင့် နေရာချထားပေးမည် ဟု ၎င်းက ပြောသည်။
No comments:
Post a Comment