Sunday, November 23, 2014

ကမ္ဘောဇ လေကြောင်းလိုင်းနှင့် ထိုင်းကုမ္ပဏီတစ်ခု ပူးပေါင်းပြီး ရဟတ်ယာဉ် စင်းလုံးငှားမည်

ထင်လင်းအောင်

Air KBZ လေကြောင်းလိုင်းနှင့် ထိုင်းကုမ္ပဏီတစ်ခုတို့ ပူးပေါင်းကာ ရဟတ်ယာဉ် စင်းလုံးငှားဝန်ဆောင်မှုများနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများအတွက် ၀န်ဆောင်မှုပေးခြင်းများကို ၂၀၁၅ ခုနှစ် နှစ်ဆန်း ပိုင်းတွင် စတင်လုပ်ကိုင်မည်ဖြစ်သည်ဟု ၎င်းလေကြောင်းလိုင်းမှ အထွေထွေမန်နေဂျာ ဦးမြတ်သူက မဇ္ဈိမ ကို ထုတ်ဖော်ပြောလိုက်သည်။

ထိုင်းနိုင်ငံတွင် လုပ်ငန်းဝင်နေသည့် ပြည်တွင်း ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းဖြစ်သော Air KBZ သည် လေယာဉ် စင်းလုံးငှား ဝန်ဆောင်မှုများ ကို လုပ်ကိုင်လျက်ရှိပြီး ရဟတ်ယာဉ် စင်းလုံးငှားရမ်းခြင်းကိုပါ လုပ်ငန်းချဲ့ထွင်နိုင်ရန် ထိုင်းနိုင်ငံမှ SFS Aviation Co., Ltd နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် နိုဝင်ဘာ ၁၉ ရက်က ကနဦး သဘောတူညီမှု MoU လက်မှတ်ရေးထိုး လိုက်ခြင်းဖြစ်သည်။

အထွေထွေမန်နေဂျာ ဦးမြတ်သူက “SFS Aviatio လက်မှတ်ရေးထိုးတာက အခုလက်ရှိလုပ်နေတဲ့ လေ ယာဉ်စင်းလုံးငှား ၀န်ဆောင်မှုအပြင် ရဟတ်ယာဉ်ကိုပါ စင်းလုံးငှားဝန်ဆောင်မှုပေးဖို့အတွက် သဘော တူညီလိုက်တာပါ။ တကယ်လုပ်ငန်းစတာ ကိုတော့ ၂၀၁၅ နှစ်ဆန်းလောက်မှ ဖြစ်ပါလိမ့်မယ်”ဟု ပြောသည်။

သို့ဖြစ်ရာ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် Air KBZ သည် ATR-72 လေယာဉ် ရှစ်စင်း ဖြင့် စင်းလုံးငှားပြေး ဆွဲမှုအပြင်f SFS Aviation ကုမ္ပဏီနှင့် သဘောတူညီမှုများအရ ရဟတ်ယာဉ် ရှစ်စင်းကိုလည်း စင်းလုံးငှားရမ်း သွားမည်ဟု ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် SFS Aviation ကုမ္ပဏီသည် လက်ရှိတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများအတွက် လိုအပ်သော ရဟတ်ယာဉ် စင်းလုံးငှားလုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ဆိုသည်။

ဦးမြတ်သူက “ရေနံနဲ့ သဘာဝဓတ်ငွေ့ ရှာဖွေရေးတွေမှာ သူတို့ကုမ္ပဏီက လက်ရှိ လည်းလုပ်နေတော့ ကျွန်တော်တို့ကလည်း အဲဒီဘက်မှာပါ ဝန်ဆောင်မှုကို လုပ်ပေးသွားဖို့ရှိပါတယ်” ဟု ပြောသည်။

သို့ရာတွင် အဆိုပါအကျိုး တူပူးပေါင်းဆောင်ရွက်ခြင်းနှင့် စပ်လျဉ်းသည့် အကျိုး ခံစားခွင့် ခွဲဝေမှုကို ထုတ် ဖော်ပြောခဲ့ခြင်း မရှိပေ။

No comments: