Tuesday, December 30, 2014

အင်ဒိုရောက် လူကုန်ကူးခံ မြန်မာများ ပြန်ခေါ်ရန် ညှိနှိုင်းမည်

မောင်သင်တုန်း

အင်ဒိုနီးရှားနိုင်ငံတွင် လူကုန်ကူးခြင်းခံရသည့် မြန်မာအလုပ်သမားများကို ပြန်လည်ခေါ်ယူနိုင်ရန် နှစ်နိုင်ငံ သဘောတူညီမှုရရှိရန် ၂၀၁၅ ခုနှစ် နှစ်ဆန်းတွင် သွားရောက်ဆွေးနွေးမည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒု-ရဲမှူးကြီး သက်နောင်က ၎င်း၏ ရုံးခန်းတွင် ပြောသည်။

“အင်ဒိုနီးရှားနိုင်ငံမှာ ရောက်နေတဲ့ မြန်မာလုပ်သား ပြန်ခေါ်တဲ့အခါ အခက်အခဲတချို့ရှိတယ်။ အဲဒီအတွက် သွားပြီး ညှိနှိုင်းမှာပါ။ အင်ဒိုနီးရှားနိုင်ငံကို တိုက်ရိုက်လူကုန်ကူးခြင်းခံရတာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံသည် နှစ်နိုင်ငံ ရေပိုင်နက်တွင် ငါးဖမ်းခြင်းလုပ်ငန်းများကို တရားဝင် သဘောတူဆောင်ရွက်ကြသည့် စီမံကိန်းဖြစ်ပြီး အင်ဒိုနီးရှား နိုင်ငံရှိ ကျွန်းများသို့ သင်္ဘောကပ်ချိန်တွင် မြန်မာလုပ်သားများက ထွက်ပြေးကြခြင်း ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံရှိ ကျွန်းအများစုတွင် မြန်မာနိုင်ငံသားများ ထွက်ပြေးလွတ်မြောက်လျက်နေသည်။ ထိုသူ များကို မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စစ်ဆေးပြီး ပြန်လည်ခေါ်ယူရန် သွားရောက်ညှိနှိုင်းမည် ဖြစ်သည်။

နှစ်နိုင်ငံသဘောတူမှု ရရှိပြီးလျှင် Mou ထိုးကာ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံမှ မြန်မာလုပ် သားများကို ပြန်လည်ပို့ဆောင်ပေးမှုများ ရှိသလို နှစ်နိုင်ငံ တွေ့ဆုံရန်လည်း သဘောတူညီထားပြီး ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ လူကုန်ကူးခြင်းခံရသည် မြန်မာအလုပ်သမား ၉၉ဦးကို ပြန်လည်လွှဲ ပြောင်းပေးထားသည်။

No comments: