ကေဇူး
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အစီအစဉ်ဖော်ဆောင်မှုကို လူထုယုံကြည်ရန်နှင့် ပူးပေါင်းပါဝင်ကြရန် သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာ၂၆ရက်တွင် တိုက်တွန်းသည်။
“ပြည်နယ်ဖွံ့ဖြိုးရေးအတွက် လူထုပူးပေါင်းပါဝင်မှုသည် အဓိကကျသောအချက်ဖြစ်ပြီး ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များက ယုံကြည်စွာ ပါဝင်လာဖို့ စစ်တွေ မြို့တွေ့ ဆုံပွဲမှာ တိုက်တွန်းခဲ့ပါတယ်” ဟု ရခိုင်ပြည် နယ် အစိုးရအဖွဲ့၊ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောသည်။
“အခုဆို ရင်တော်တော် ခရီးရောက်နေပြီလေ။ ဒီအချိန်မှာ တည်ငြိမ် မှုရှိဖို့ နဲ့ ဖွံ့ဖြိုး ရေးအပေါ်မှာပဲ လူထုက အာရုံစိုက်ဖို့ အဓိကပြော သွားတယ်” ဟု ၎င်းကဆို သည်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အစီအစဉ် သမ္မတရုံး၏ ညွှန်ကြားမှုဖြင့် အကောင် အထည်ဖော်နေခြင်းဖြစ်ပြီး လမ်းပန်းဆက် သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ ဒုက္ခသည် များပြန် လည်နေရာ ချထားရေး၊ စီးပွားရေးဇုန်များ ဖော် ဆောင်ရေးစသည်တို့ ပါဝင်သည်။
လူထုတွေ့ ဆုံပွဲသို့ တက်ရောက် ခဲ့သူ ကိုမိုးကျော်က “အပေါ်ယံ လုပ်ပြနေတာ လောက်ပဲ ရှိတယ်ဗျ၊၊ အနှစ် သာရရှိတဲ့ အပြောင်း အလဲတွေ ကိုတော့မ လုပ်နိုင်သေးဘူး။ လမ်းတချို့ပြန်ပြင်တယ်။ ကျောင်း တချို့ပြန်ပြင် တာကတော့ အစိုးရက ဘယ်ဒေသမှာမဆို လုပ်ပေးရမယ့်ကိစ္စတွေပဲ” ဟု ဆိုသည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအစီအစဉ်အတွင်း အဓိကဆောင်ရွက်ရန်ရှိသည့် ပြန်လည်နေရာချထားရေးနှင့် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေဖြင့် နိုင်ငံသား စိစစ်ရေး လုပ်ငန်းများကို ပြီးမြောက်အောင် အကောင် အထည်မဖော်နိုင်သေးခြင်းအပေါ် ဝေဖန်ကြခြင်းဖြစ်သည်။
ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်က “ပြည်နယ်ရဲ့ ရပိုင်ခွင့်နဲ့ တိုင်းရင်းသားတွေရဲ့အခွင့် အရေး အတွက် ဖွဲ့စည်း ပုံအခြေခံ ဥပဒေပြင်ဆင်ပြီး အကောင် အထည်ဖော်မှ ရေရှည်တိကျတဲ့ ဖွံ့ဖြိုးရေး အစီ အစဉ်ဖြစ်မှာပါ” ဟု ဆိုသည်။
No comments:
Post a Comment