Wednesday, December 31, 2014

ဒေါ်အောင်ဆန်းစုကြည်၏ "ဒီစကား ၁၀၀" ထွက်ပြီ

Mizzima

ဒီလှိုင်းစာစောင်တွင် ဒေါ်အောင်ဆန်းစုကြည် အပတ်စဉ် ရေးသားခဲ့သည့် "ဒီစကား" များကို စုစည်းကာ "ဒီစကား - ၁၀၀" ကို ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်ထွက်ရှိလာပြီ ဖြစ်သည်။

ယင်းစာအုပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက အမှာစာ ရေးသားထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး မှတ်တမ်းအကျဉ်း၊ ၎င်းရရှိခဲ့သည့် ဂုဏ်ထူးဘွဲ့ထူးမျးနှင့် ဆုတံဆိပ်များ စာရင်းနှင့် ဓာတ်ပုံများကိုလည်း ထည့်သွင်း ဖော်ပြထားသည်။

"ဒီစကား-၁၀၀" စာအုပ် ထုတ်ဝေခြင်းနှင့် ပတ်သက်၍ ဦးတင်ဦး၏ အမှာစာတွင် "ဒေါ်အောင်ဆန်းစုကြည် အပတ်တကုပ် ရေးသားနေသည့် "ဒီစကား"များသည် နောင်နှစ်ကာလကြာလာသည့်အခါ ဂန္ဓဝင်မြောက် စာပေလက်ရာတစ်ခု ဖြစ်လာနိုင်ရုံသာမက သမိုင်းတန်ဖိုး အလွန်ကြီးမားသည့် စာစုများ ဖြစ်လာလိမ့်မည့်ဟု ဧကန်မုချ ယုံကြည်ပါသည်"ဟု ရေးသားထားသည်။

ယင်းစာအုပ်ကို ရွှေပြည်တန်စာပေမှ ထုတ်ဝေဖြန့်ချိပြီး ဒီလှိုင်းစာစောင်နှင့် ရွှေပြည်တန် စာပေတို့တွင် ရောင်းဈေး ကျပ် ၃၅၀၀ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

No comments: