Monday, December 29, 2014

ယာဉ်ထိန်းရဲများ အဂတိ လိုက်စားမှုကို ၂၄နာရီ တိုင်ကြားနိုင်ဟုဆို

ဖြိုး

ယာဉ်ထိန်း ရဲများ အဂတိ လိုက်စား မှုကို အသိပေး တိုင်ကြားနိုင်မည့် Hot Line ဖုန်းနံပါတ်လေးခု ဒီဇင်ဘာ ၂၆ ရက်မှ စတင်၍ ၂၄ နာရီ အချိန်ပြည့် ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း အမှတ်(၁၁)၊ ယာဉ်ထိန်း ဒု-ရဲတပ် ဖွဲ့ခွဲမှူးရုံးမှ ရဲမှူးသိန်းကိုကိုက ပြောသည်။

“မှန်မှန် ကန်ကန် တိုင်ကြားပါ။ တိတိ ကျကျ အရေး ယူမှာ ဖြစ်ပါတယ်။ ဘယ်နေ့ ဘယ်ရက် ဘယ်နေရာမှာ ယာဉ်ထိန်းကို ပိုက်ဆံ ဘယ်လောက်ပေး ရတယ်ဆို ပြီးသေချာ တိုင်ပါ။ အဲဒါဆိုရင် အဲလိုပိုက်ဆံယူတဲ့ယာဉ် ထိန်းကို အချုပ်ခန်းထဲ ထည့်ပြစ်မှာပါ” ဟု ၎င်းက ပြောသည်။

ယာဉ်ထိန်းရဲများ အဂတိလိုက်စားခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သည့် ယာဉ်များနှင့် ယာဉ်တိုက် မှုတစ်စုံ တစ်ရာတွေ့ရှိခြင်း စသည့်ယာဉ် စည်းကမ်း လမ်းစည်း ကမ်းနှင့် ပတ်သက်သည့် ကိစ္စရပ် များကို ဒီဇင်ဘာ ၂၆ မှစတင်၍ ၂၄ နာရီ အချိန်မရွေး ဆက်သွယ်တိုင်ကြားနိုင်မည် ဖြစ်သည်။

အဆိုပါ ဖုန်းနံပါတ်များမှာ မန္တလေးတိုင်း ယာဉ်ထိန်းဒု-ရဲတပ်ဖွဲ့ခွဲမှူးရုံး တာဝန်မှူး ဖုန်း ၀၂-၆၇၄၂၈၊ အောင် မြေသာစံနှင့် ချမ်းအေးသာစံမြို့နယ်၊ တပ်ဖွဲ့စုမှူး ဖုန်း- ၀၉ ၂၅၃ ၄၁၄ ၄၃၇၊ မဟာအောင်မြေနှင့် ချမ်းမြ သာစည်မြို့နယ် တပ်ဖွဲ့ စုမှူးဖုန်း ၀၉ - ၇၉၈ ၅၅၉ ၃၁၈၊ ပုသိမ်ကြီး၊ ပြည်ကြီးတံခွန်နှင့် အမရပူ ရမြို့ နယ် တပ်ဖွဲ့စုမှူး ဖုန်း ၀၉ - ၇၉၇ ၃၈၈ ၈၇၄တို့ ကို ဆက်သွယ်တိုင်ကြားနိုင်မည်ဖြစ်သည်။

မန္တလေးခရိုင် (၇) မြို့နယ် အတွင်း မြို့နယ်များ အလိုက် ခွဲခြားထားပြီး သက်ဆိုင်ရာတပ်ဖွဲ့စုမှူးများထံ ဆက် သွယ်နိုင်မည်ဖြစ်ပြီး မန္တလေးတိုင်း အတွင်း ရှိပြင် ဦးလွင်၊ ကျောက်ဆည်၊ ညောင်ဦး၊ မြင်းခြံ၊ ရမည်း သင်း နှင့် မိတ္ထီလာခရိုင်များတွင်လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့အစုများ ထားရှိထားကြောင်း သိရသည်။

“ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းကို အမှန် တကယ် လိုက်နာရင် ယာဉ်ထိန်းကို ပိုက်ဆံပေး စရာလည်း မလို သလို၊ ယာဉ်ထိန်း ကလည်းတောင်းစရာ မလိုပါ ဘူး။ဖောက် ဖျက်မိ ရင်လည်း လာဘ်ပေးမှုမလုပ်ဘဲဖြတ်ပိုင်း ဖြတ်ပြီး အရေးယူမှုခံပါ” ဟု ရဲမှူးသိန်းကိုကိုက ပြောသည်။

No comments: