Tuesday, December 30, 2014

စည်ပင်ကော်မတီ ရွေးကောက်ပွဲ ဘယ်သူတွေ အနိုင်ရလဲ

ဇေယျာချမ်းအေး

ဒီဇင်ဘာ ၂၉ ရက်မွန်းလွဲ ၁နာရီ ၄၅ မိနစ်တွင် စည်ပင်ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ချက်အရ တောင်ပိုင်းခရိုင် ဗဟိုကော်မတီဝင်အဖြစ် ဒေါက်တာ အေးမင်းက ထောက်ခံမဲ ၈၈၇၂ ဖြင့်လည်းကောင်း၊ မြောက်ပိုင်းခရိုင် ဗဟိုကော်မတီဝင်အဖြစ် ဦးခင်မောင်တင့်က ထောက်ခံမဲ ၁၀၀၇၈ ဖြင့်လည်းကောင်း၊ အနောက်ပိုင်းခရိုင် ဗဟိုကော်မတီဝင်အဖြစ် ဦးခင်လှိုင်က ထောက်ခံမဲ ၃၈၈၃ ဖြင့်လည်းကောင်း၊ အရှေ့ပိုင်းခရိုင် ဗဟိုကော်မတီဝင်အဖြစ် ဦးဌေးအောင်က ထောက်ခံမဲ ၁၂၁၉၃ ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။

တောင်ပိုင်းခရိုင်

ခရိုင်စည်ပင်ရေးရာကော်မတီတွင် ရပ်မိရပ်ဖအဖြစ် ဦးဇော်ဝင်း၊ တတ်သိပညာရှင်အဖြစ် ဒေါက်တာဝင်းခိုင်၊ လူမှုရေးရာအဖြစ် ဦးခင်မောင်ဝင်း တို့ အနိုင်ရရှိထားသည်။


မြောက်ပိုင်းခရိုင်

ခရိုင်စည်ပင်ရေးရာ ကော်မတီတွင်ရပ်မိရပ်ဖအဖြစ် ဦးမင်းဟန်၊ တတ်သိပညာရှင်အဖြစ် ဦးဇော်မြင့်၊ လူမှုရေးရာအဖြစ် ဒေါ်သင်းသင်းခိုင် တို့ အနိုင်ရရှိထားသည်။

အနောက်ပိုင်းခရိုင်

ခရိုင်စည်ပင်ရေးရာ ကော်မတီတွင် ရပ်မိရပ်ဖအဖြစ် ဒေါက်တာတင်ထွန်း၊ တတ်သိပညာရှင်အဖြစ် ဒေါ်လဲ့လဲ့ဝင်း၊ လူမှုရေးရာအဖြစ် ဦးတင်စိန် တို့ အနိုင်ရရှိသည်။

အရှေ့ပိုင်းခရိုင်

ခရိုင်စည်ပင်ရေးရာ ကော်မတီတွင် ရပ်မရပ်ဖအဖြစ် ဦးမြင့်သိန်း၊ တတ်သိပညာရှင်အဖြစ် ဒေါက်တာစိုးထွန်း၊ လူမှုရေးရာ အဖြစ် ဒေါ်သီတာဦး တို့ အနိုင်ရရှိသည်။

No comments: