Wednesday, February 4, 2015

ကရင့်တော်လှန်ရေးကို အသိအမှတ်ပြုဟု သြစတြေးလျား လွှတ်တော်အမတ် ပြောဆို

စောသိန်းမြင့်

တရားမျှတမှုရရှိရေးအတွက် တိုက်ပွဲဝင်နေကြသည့် ကရင်အမျိုးသားများကို အသိအမှတ်ပြုကြောင်း သြစတြေးလျားနိုင်ငံ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ Mr. Luke Simpkins က ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO) ဋ္ဌာနချုပ် အူးကရေ့ခီးစခန်း၌ ဇန်န၀ါရီ ၃၁ရက်နေ့က ကျင်းပခဲ့သော ၆၆နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

၎င်းက “ကရင်အမျိုးသားတွေ အပါအ၀င် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေအားလုံးကို ကျနော့်အ နေနဲ့ ထောက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ တရားမျှတမှုရဖို့ တိုက်ပွဲဝင်ကြတဲ့အတွက် ဖြစ် တယ်”ဟု ပြောကြားသည်။

သြစတြေးလျားနိုင်ငံနှင့် အနောက်နိုင်ငံအများစုက မြန်မာနိုင်ငံသည် ပြောင်းလဲနေပြီဟု ပြောဆိုနေကြသော်လည်း အုပ်ချုပ် သူ အစိုးရဘက်က တိုင်းရင်းသားလူမျိုးစုများကို ဖိနှိပ်နေဆဲဖြစ်သည့်အတွက် ၎င်းအနေဖြင့်လည်း သြစတြေးလျားအစိုးရ ထံ အခြေအနေမှန်ကို ပြန်လည်တင်ပြသွားမည်ဟု Mr. Luke Simpkins က ဆက်ပြောသည်။

ယင်းပြောကြားမှုအပေါ် KNDO ဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြက “ကျနော်တို့ တော်လှန်ရေးဟာ စစ်မှန်တဲ့ တော်လှန် ရေးဖြစ်ကြောင်းကို သြစတြေးလျားအစိုးရ ကိုယ်စားလှယ်တစ်ဦးက ရှုမြင်တဲ့အတွက် အရမ်းကောင်းပါတယ်။ ပြီးတော့ ကျနော်တို့တွေ တစုတစည်းတည်း ရဲရဲရင့်ရင့် လုပ်ဆောင်ဖို့လာပြီး အားပေးစကားပြောတဲ့အတွက်လည်း အရမ်းဝမ်းသာ တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

သြစတြေးလျားလွှတ်တော်အမတ် Mr. Luke Simpkins က ကရင်အမျိုးသားတော်လှန်ရေးနေ့ အမှတ်တရအဖြစ် အခမ်း အနားတွင် သြစတြေးလျားနိုင်ငံ အလံတော်တစ်ခုကို ဗိုလ်မှူးချုပ်စောနယ်ဒါးမြအား ပေးအပ်ခဲ့သည်။

သြစတြေးလျားနိုင်ငံ Liberal Party မှ Mr. Luke Simpkins သည် သြစတြေးလျားနိုင်ငံ အနောက်ဘက်ခြမ်းရှိ Cowan Division လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် ၂၀၀၇၊ ၂၀၁၀နှင့် ၂၀၁၃ခုနှစ်မှ ယခုအချိန်ထိ တာဝန်ထမ်းဆောင်နေသူ တစ်ဦး ဖြစ်သည်။

Mr. Luke Simpkins အနေဖြင့် ယခုလို ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို လာရောက်အားပေးသည်မှာ ပထမဆုံးအ ကြိမ် ဖြစ်သည်။ အလားတူ သြစတြေးလျားကရင်အဖွဲ့အစည်း(AKO) အဖွဲ့ဝင် စောကနဲမီကူးနူးလည်း ၎င်းအခမ်းအနားသို့ တက်ရောက်အားပေးခဲ့သည်။

No comments: