ပန်းမြတ်ဇော်
မြန်မာနိုင်ငံတွင် ၆၄ ကြိမ်မြောက် ကျင်းပမည့် မယ်စကြာဝဠာ၂ဝ၁၅ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်း ပရန် ကမ်းလှမ်းခြင်း ခံရသည် ဟုမယ်စကြာဝဠာမြန်မာ အဖွဲ့အစည်း ၏ဖေ့စ်ဘွတ် စာမျက်နှာ ၌ရေးသား ထားသည်။ ယင်းပြိုင်ပွဲ ကျင်းပရန် ၆၃ ကြိမ်မြောက် ကျင်းပခဲ့သည့် မယ်စကြာဝဠာ ပြိုင်ပွဲ၌ သွားရောက် ယှဉ်ပြိုင် ခဲ့သည့် မယ်စကြာ ဝဠာမြန်မာ အဖွဲ့အစည်းမှ National Directorဒေါ်စိုးယုဝေကို မယ်စကြ ဝဠာ၏ ဥက္ကဋ္ဌဖြစ်သူ မစ္စပူလာအမ်ရှု ဂတ်နှင့် ဒု - ဥက္ကဋ္ဌနှင့် ဘဏ္ဍာရေး အရာရှိချုပ် မစ္စတာလယ် ရီပါရာတို့က ကမ်းလှမ်း ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကမ်းလှမ်းမှုသည်မြန်မာနိုင်ငံ၏ သဘာဝ အလှတရားများ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ ဟိုတယ်နှင့်ခရီးသွား လာရေး လုပ်ငန်းများကို ကမ္ဘာ့နိုင်ငံ များသို့ ထုတ်ဖော်ပြ သနိုင်မည့် အခွင့် အရေး တစ်ရပ်ဖြစ်သည်ဟု မယ်စကြာဝဠာမြန်မာ အဖွဲ့အစည်း ၏ဖေ့စ်ဘွတ်စာ မျက်နှာ ၌ရေးသား ထားသည်။
ယင်းပြိုင်ပွဲကို အခြားနိုင်ငံများကအိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး ကြိုးပမ်းမှုများ ရှိသော်လည်း၂ဝ၁၃ -၁၄ ခုနှစ်များ တွင်မြန် မာနိုင်ငံ၌ မယ်စကြ ဝဠာမြန် မာပြိုင်ပွဲ များကိုကျင်းပပြု လုပ်နိုင်ခဲ့သည့် အခြေအနေ များကြောင့် ယခုကဲ့သို့ ကမ်းလှမ်း ခဲ့ခြင်းဖြစ် သည်။
မယ်စကြာဝဠာမြန်မာနိုင်ငံ အဖွဲ့အစည်းသည် ယင်းကိစ္စများနှင့် ပတ်သက်သည့် သတင်းများကို မယ်စကြာဝဠာ အဖွဲ့ အစည်းနှင့် တွေ့ ဆုံပြီး အချိန်နှင့် တပြေး ညီထုတ်ပြန်ပေး မည်ဟုရေး သားထားသည်။
မယ်စကြ ဝဠာပြိုင်ပွဲ၂ဝ၁၄ ကို ဇန်နဝါရီ ၂၅ ရက်(မြန်မာ စံတော်ချိန် ဇန်နဝါရီ ၂၆ ရက် နံနက် ၆ နာရီခွဲ) တွင်အမေရိ ကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ဒေါ်ရယ်မြို့ ၌ ကျင်းပပြု လုပ်ခဲ့ ပြီးမြန်မာ ကိုယ်စားပြု အဖြစ် အလှမယ် သျှားထွဋ် အိန္ဒြာက ဝင်ရောက်ယှဉ် ပြိုင် ခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment