ABC
မြန်မာနိုင်ငံ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက မိဘပြည်သူတွေကို ပြန်ကြားချက်တစ်စောင် ရေးပြီး ပန်ကြားမှုတွေ လုပ်ခဲ့ပါတယ်။
အဲဒီ ပန်ကြားချက်အရ ပညာရေးဥပဒေကို အကြောင်းပြုပြီး နေရာဒေသ အချို့မှာ ဥပဒေနဲ့ မညီညွတ်တဲ့ ဆန္ဒပြမှုတွေ ပြုလုပ်နေကြတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ အစိုးရနဲ့ ပူးပေါင်းမှုလုပ်ဖို့ မြန်မာအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံရေးအဖွဲ့တချို့ဟာ ပညာရေးကို အကြောင်းပြပြီး မြန်မာနိုင်ငံမှာ ဆူပူမှုတွေ ဖြစ်လာအောင် ကျောင်းသားတွေကို အသုံးချပြီး နောက်ကွယ်ကနေ ကြိုးကိုင်ဆောင်ရွက် နေတာလို့လည်း ပါရှိပါတယ်။
တဆက်တည်းမှာပဲ ပညာရေးဝန်ကြီးဌာနကလည်း ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ကြေညာချက်ထဲမှာတော့ ဆယ်တန်း၊ ရှစ်တန်းနဲ့ လေးတန်း စာမေးပွဲတွေအပြင် တက္ကသိုလ် စာမေးပွဲတွေကို ပြောထားတဲ့ အချိန်အတိုင်း စစ်ဆေးသွားမယ်လို့ ပါရှိပါတယ်။
စာမေးပွဲတွေ သတ်မှတ်ချိန်အတိုင်း စစ်ဆေးမှာ ဖြစ်တဲ့အတွက် ကျောင်းသူ၊ ကျောင်းသားတွေရဲ့ စာမေးပွဲအတွက် စိုးရိမ်နေကြတဲ့ မိဘတွေအနေနဲ့ ကလေးတွေ စာမေးပွဲတွေ ကောင်းမွန်စွာ ဖြေဆိုနိုင်အောင် ပညာရေးဝန်ကြီးနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း ပန်ကြားထားပါတယ်။
No comments:
Post a Comment