Friday, May 22, 2015

ငွေအကြေပေးသွင်းခြင်း မရှိပါက မြေကွက်သိမ်းမည်ဟု သတိပေးပြီးနောက် အင်းလေးဟိုတယ်ဇုန် မြေကွက်ဝယ်ထားသူများ ငွေအကြေပေးသွင်း

သီဟကိုကို

ငွေအကြေပေးသွင်းခြင်း မရှိပါက မြေကွက်ပြန်သိမ်းမည်ဟု သတိပေးပြီးနောက် အင်းလေး ဟိုတယ်ဇုန်မြေ ကွက်ဝယ်ယူထားသူ အများစုမှာ ငွေအကြေ ပေးသွင်းခဲ့ပြီး ဖြစ်သည်ဟု အင်းလေး ဟိုတယ်ဇုန် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီ အဖွဲ့ဝင် အင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးဝင်းမြင့် ကပြောသည်။

အင်းလေးဟိုတယ်ဇုန်တွင် ဟိုတယ်လုပ်ငန်းလုပ်ကိုင်ရန် မြေကွက်ဝယ်ယူထား သူများအနေဖြင့် ငွေ အကျေ ပေးသွင်းခြင်း မရှိပါက ပြန်လည် သိမ်းဆည်းသွား မည်ဟု အင်းလေးဟိုတယ်ဇုန် ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ကော်မတီမှ ဖေဖော်ဝါရီနှင့် မတ်လများတွင် သတိပေးထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန် တွင်မြေကွက် ၀ယ် ယူထားသူ အများစု သည် ငွေအကြေ ပြန်လည်ပေး သွင်းခဲ့ခြင်းဖြစ်သည်။

ဦးဝင်းမြင့်က" ငွေကျန်တဲ့သူအများစုက ငွေအကြေပေးသွင်းခဲ့ပါတယ်။ နှစ်ဦးလောက်ပဲ ငွေပေးသွင်းဖို့ ကျန်နေတယ်။ သူတို့လည်း ငွေပေးသွင်းဖို့ပြော ထားပြီး ပါပြီ။ " ဟုပြောသည်။

အင်းလေးဒေသ ဟိုတယ်ဇုန်တွင် ဟိုတယ်လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် မဲပေါက်ထားသူများသည်ငွေ အပြည့်အ၀ပေးသွင်းရန် ကျန်ရှိနေသည့်အတွက် ဟိုတယ် ဇုန်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အကြိမ်ကြိမ်အ ကြောင်းကြားခဲ့သော်လည်း ပေးသွင်းခြင်း မရှိသည့် အတွက်ျမြကွက်ပြန်လည် သိမ်းဆည်းမည်ဟု ဟိုတယ် ဇုန်ကော်မတီမှ သတိပေးခဲ့ခြင်းဖြစ်သည်။

အင်းလေးဟိုတယ်ဇုန်တွင်မြေကွက်ရယူပြီး တန်ဖိုးငွေ လုံးဝပေးသွင်းခြင်း မရှိသည့်မြေကွက်နေရာလေးနေရာကို ၀ယ်ယူခွင့် ပယ်ဖျက်ပြီးပြန်လည် သိမ်းဆည်း ခဲ့ပြီးဖြစ်သည်။

ဟိုတယ်ဇုန်မြေကွက်များကို ပြည်တွင်းနှင့် ဒေသခံလုပ်ငန်းရှင် ၉၆ ဦးက ၀ယ်ယူထားပြီး ငွေအကြေပေးသွင်း ထားသည့် လုပ်ငန်းရှင်များကို တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာအခွန်အခများ ပေးသွင်းပြီး မြေစာရင်းပုံစံ (၁၀၅) ရေးဆွဲရန်နှင့် စက်မှုမြေငှားဂရန် ထုတ်ပေးနိုင်ရန် တို့ကိုဆောင် ရွက်ပေးမည်ဖြစ်သည်။

ဟိုတယ်ဇုန်ဖွံ့ဖြိုးရေးကော်မတီမှ လက်ရှိတွင် အခြေခံလမ်း၊ တံတား၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီး စက်လှေဆိပ် တည်ဆောင်ရေးနှင့် ဆက်သွယ်ရေးကွန်ရက်လုပ်ငန်း များကို ဆက်လက် ဆောင်ရွက်နေသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် အင်းလေးဒေသတွင် ဟိုတယ်ဇုန်အကောင်အထည်ဖော်တည်ထောင် ရန် ညောင်ရွှေမြို့နယ်၊ အရှေ့ဘက်ခြမ်းရှိ မြေဧက ၆၂၂ တွင် မြေကွက်အမျိုးအစားအလိုက် ဇုန်သုံးဇုန် ခွဲခြား သတ်မှတ်ပေးခဲ့သည်။

အင်းလေးကန်တည်ရှိရာ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တွင် ဟိုတယ်အလုံး ၅၀ ခန့် ရှိပြီး ဟိုတယ်အသစ် ၁၀ လုံးခန့်လည်း တည်ဆောက်နေသည်။

No comments: