DVB
ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ လာမယ့် သီတင်းပတ်ကျင်းပဖို့ရှိတဲ့ ပင်လယ်ပြင် လှေစီး ဒုက္ခသည်တွေအရေး နိုင်ငံတကာဆွေးနွေးပွဲကို မြန်မာနိုင်ငံက တက်ရောက်ဖို့ သဘောတူ လိုက်တယ်လို့ ထိုင်း ဒုနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
မြန်မာဒုနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်နဲ့ ထိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမဒ်ဝိနိုင်တို့ မေလ ၂၀ ရက်က ဘန်ကောက်မြို့မှာ တွေ့ဆုံပြီးနောက်ခုလို ပြောကြားလိုက်တာပါ။
အာဆီယံဒေသတွင်း ပြဿ နာတခုလိုဖြစ်လာနေတဲ့ လှေစီးဒုက္ခသည်တွေကိစ္စကို ဘန်ကောက်မြို့မှာ မေလ ၂၉ ရက် တွေ့ဆုံ ဆွေးနွေးကြဖို့ ထိုင်းအစိုးရက ဒီကိစ္စ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေကို ဖိတ်ကြားထားတာဖြစ်ပါတယ်။
ဒီအစည်းအဝေးကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအပါအ၀င် နိုင်ငံပေါင်း ၁၇ နိုင်ငံနဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၃ ဖွဲ့က တက်ရောက်ဖို့ သဘောတူထားတယ်လို့ ထိုင်းဒုနိုင်ငံခြားရေး ၀န်ကြီးက ပြောပါတယ်။
မြန်မာ ဒုနိုင်ငံခြားရေး ဦးသန့်ကျော်ကတော့ မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံ တနိုင်ငံ ဖြစ်တဲ့အလျာက် ဒီပြဿနာကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ အားလုံးအတူ ထိုင်စဉ်းစားရမှာ ဖြစ်တဲ့အကြောင်းနဲ့ ဘာလို့လည်းဆိုတော့ ဒီလူတွေဟာ လူသားတွေ ဖြစ်တဲ့အကြာင်း ဒါပေမယ့် ဒီလူတွေကို လက်ခံဖို့အတွက်တော့ ဒီလူတွေဟာ မြန်မာ ကမ်းရိုးတန်းက လာတယ်ဆိုတာ အတည်ပြုဖို့ လုပ်စရာတွေအများကြီးလုပ်ဖို့ လိုအပ်တယ် လို့ ပြောပါတယ်။
လှေစီးဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး မေလ ၂၀ ရက်နေ့ကလည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှား ၃ နိုင်ငံ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ ဒုက္ခသည်တွေကို မလေးရှားနဲ့ အင်ဒိုနီးရှားက ယာယီ နေထိုင်ခွင့်ပေးဖို့ သဘောတူပြီး ထိုင်းနိုင်ငံကတော့ နေစရာမပေးပဲ လူသားချင်း စာနာမှု အကူအညီတွေပေးဖို့ သဘောတူဆုံးဖြတ်ခဲ့ပါတယ်။
မြန်မာကတော့ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့ခြင်း မရှိပါဘူး ဒါမေယ့် လှေစီးဒုက္ခသည်တွေ အရေးပြဿနာကို စိုးရိမ်ပူပန်ကြောင်းနဲ့ လူသားချင်းစာနာမှုရှုထောင့်ကနေ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ပြောထားပါတယ်။

No comments:
Post a Comment