Friday, May 22, 2015

ပင်လယ်ပြင်ရောက် ဘင်္ဂါလီ ၂၀၀ ခန့် မြန်မာရေတပ်ဖမ်းဆီး

မဇ္ဈိမ

ဘင်္ဂါလီ ၂၀၀ ခန့် တင်ဆောင်လာသည့် စက်လှေတစ်စီးကို မောင်တောမြို့နယ် ရေမိုင် ၄ မိုင်အကွာပင်လယ်ပြင်တွင် မြန်မာရေတပ်မှ မေလ ၂၂ ရက်တွင် ဖမ်းဆီးရမိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

တပ်မတော် ရေယာဉ်အမှတ် ၅၆၈ သည် နယ်မြေ လုံခြုံရေးတာဝန် ထမ်းဆောင်နေစဉ် ဘင်္ဂါလီ ၂၀၀ နှင့် လူလိုက်ပါခြင်းမရှိသည့် စက်လှေတစ်စီးတို့ကို စစ်ဆေးတွေ့ရှိသည်ဟုဆိုသည်။

စစ်ဆေးချက်များအရ စက်လှေပိုင်ရှင်မှာ ထိုင်းနိုင်ငံ ရနောင်းမြို့နေ အုမင့် ဖြစ်သည်ဟု ပြန်ကြားရေး အင်တာနက် စာမျက်နှာကဆိုသည်။

ဖမ်းဆီးရမိသူများကို ရခိုင်ပြည်နယ်အစိုးရက ယာယီစခန်းဖွင့်ကာ ကူညီပေးနေပြီး စိစစ်မှုများ ပြုလုပ်နေသည်ဟုဆိုသည်။

No comments: