နိုင်နိုင်ဇော်
ကမ္ဘာ့ရွှေဈေး ဆက်တိုက် မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေး ကျပ်ခုနစ်သိန်းတစ်သောင်းကျော် အထိ ထပ်မံမြင့်တက်လာ သည်ဟု မြန်မာနိုင်ငံရွှေ လုပ်ငန်းရှင်အသင်း တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
ကမ္ဘာ့ရွှေဈေးသည် မေလ ၁၉ အရောက်တွင် တစ်အောင်စ အမေရိကန်ဒေါ်လာ ၁၂၂၀ ဝန်းကျင်အထိ ရှိလာခဲ့ပြီး ပြည်တွင်းရွှေဈေးသည်လည်း ထပ်မံမြင့် တက်လာသည်ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးကျော်ဝင်းကပြောသည်။
“ကမ္ဘာ့ရွှေဈေးနှုန်းတွေ ဒီရက်ပိုင်းတွေမှာ ထပ်တက်လာတယ်၊ မေလ ၁၅ ရက်နေ့မှာတင် ကန်ဒေါ်လာ ၁၂၀၀ ကျော်လာတယ်၊ဒေါ်လာဈေးလည်း ၁၁၀၀ အကျော်မှာရှိတော့ မြန်မာ့ရွှေဈေးက ကျပ်ခုနစ်သိန်းကျော် အထိရှိလာတယ်၊ ဈေးက တစ်ဖြည်းဖြည်း ဈေးထိန်းတက်နေတာ" ဟု ဦးကျော်ဝင်းကပြောသည်။
သင်္ကြန်ကာလနောက်ပိုင်း တောက်လျှောက် မြင့်တက်လာသည့် ပြည်တွင်းငွေလဲလှယ်နှုန်းမှာလည်း မေ ၁၈ ရက်တွင် ကန်တစ်ဒေါ်လာ ၁၁၁၃ကျပ် ဝန်းကျင် ဆက်ရှိနေပြီး ရန်ကုန်အကယ်ဒမီ ရွှေဈေးနှုန်း ကျပ် ၇၁၂၀၀၀၀န်းကျင်အထိ မြင့်တက်လာ ခဲ့ကြောင်း ရွှေဘုံသာလမ်း အခြေစိုက်ရွှေ လုပ်ငန်း ရှင်များကပြော သည်။
“ဒေါ်လာဈေးနဲ့ ကမ္ဘာ့ရွှေဈေးတွေ နေစဉ်ထပ်တက်နေတယ်၊ အခုအ၀ယ်လည်း နည်းနည်းထပ်တက်လာလို့ အရင်နေ့တွေထက် အရောင်းအဝယ် နည်းနည်း ပိုကောင်းလာတယ်”လို့ ဦးထုံရွှေဆိုင် တာဝန်ရှိသူကပြောသည်။
မြန်မာ့ရွှေဈေးသည် မေ ၁၈ရက်တွင် ၇၁၂၈၀၀ ရှိပြီး ၁၇ရက်နေ့တွင် ၇၁၂၅၀၀ရှိကာ ၁၆ရက်ကမူ ၇၁၁၂၀၀ ရှိသည်။ အမေရိကန် ဒေါ်လာဈေးမှာလည်း မေ ၁၈ရက်က တစ်ဒေါ်လာ ၁၁၁၃ကျပ်၊ ၁၇ရက်က ၁၁၁၄ကျပ် နှင့် ၁၆ရက်က ၁၁၁၀ ရှိသည်။
ပြည်တွင်းရွှေဈေးကျပ် ခုနစ်သိန်းကျော်အထိ မြင့်တက်လာသော်လည်း ၂၀၁၃ခုနှစ်ကုန်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ကျပ် ၇၉၀၀၀၀ ဝန်းကျင်ဖြင့် နှိုင်းယှဉ် ပါက ယခုရွှေဈေးစံချိန် တင်မြင့်တက်နေခြင်းမဟုတ်ဟု ဦးထုံရွှေ ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ဦးကျော်ဝင်းက ထပ်မံပြောဆိုသည်။
No comments:
Post a Comment