မောင်အေး
မန်မာနှင့် ဘင်္ဂလာဒေရှ့် နယ်စပ် တာဝန်ရှိသူများသည် ယမန်နေ့ (မေလ ၁၉ ရက်နေ့)က မြန်မာနယ်စပ်တွင် အလံတင် ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်ခဲ့ကြပြီး နယ်စပ်ရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကာ ထောင်သား ၁၄ ဦးကိုလည်း လွဲပြောင်း ပေးအပ်ခဲ့သည်ဟု သတင်း ရရှိသည်။
ယင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မောင်တောမြို့နယ် အမှတ် (၁) နယ်ခြားစောင့်နယ်မြေတွင် ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲ အပြီးတွင် မြန်မာဘက်က ဘင်္ဂလီ ၁၄ ဦးကို ဘင်္ဂလာဒေရှ့် နယ်စပ် လုံခြုံရေး တပ်ဖွဲ့ BGB သို့ လွဲပြောင်း ပေးအပ်လိုက်သည်။
ယခု လွဲပြောင်းလိုက်သည့် ဘင်္ဂလီ ၁၄ ဦးထဲတွင် မလေးရှားနိုင်ငံသို့ ရေကြောင်းမှသွားရောက်စဉ် ဖမ်းဆီး ခံရသူ ၁၁ ဦး၊ ငါးဖမ်းသမာ ၂ ဦးနှင့် မြန်မာဘက်ကို တရားမ၀င် ၀င်ရောက်ရန် ကြိုးစားသူ ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။
သူတို့မှာ မြန်မာနိုင်ငံတွင် ထောင်ကျခဲ့ပြီး သက်တမ်း ကုန်ဆုံးသွားသဖြင့် လွဲပြောင်း ခံကြသူများ ဖြစ်ကြသည်ဟု သိရသည်။
ဆွေးနွေးပွဲသို့ ဘင်္ဂလဘက်မှ တက်ကနက် BOP စခန်းမှ အရာရှိဖြစ်သူ ဇာကာရီယာ ဦးဆောင်သည့် ၁၇ ဦးနှင့် မြန်မာဘက်မှ မောင်တောခရိုင်အဆင့် အရာရှိဖြစ်သူ ဦးထွန်းထွန်း ဦဆောင်သည့် ၁၄ ဦးတက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် မူးယစ်ဆေးဝါးနှင့် နယ်စပ်တလျှောက်တွင် ဖြစ်ပေါ်နေသည့် လူမှောင်ခို တင်ပို့နေသည့် ကိစ္စရပ်များကို အလေးထား ဆွေးနွေးခဲ့ကြကြောင်း အာဘူလ်ဇာအာရ်ဇာဟီးက သတင်းထောက်များကို ပြောဆိုကြောင်း Coxsbazar news သတင်းတပုဒ်တွင်ဖော်ပြသည်။
အလံတင်အစည်းအဝေးကို နံနက် ၁၀ နာရီမှ နေ့လည် ၁ နာရီခွဲအထိ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

No comments:
Post a Comment