Saturday, May 23, 2015

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ပါတီကော်မတီ ရွေးချယ် တင်မြှောက်ပွဲ

သျှမ်းသံတော်ဆင့် ( ဖွေးနွမ်)

သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် SNLD သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ နှစ်ပတ်လည်အစည်းအဝေးနှင့် ကော်မတီသစ် ရွေးချယ် တင်မြှောက်ခြင်း အခမ်းနား ကျင်းပ ခဲ့ပါသည်။

မလ ၂၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခန့်က အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး ညနေ ၄ နာရီ ကျော်တွင် အောင်မြင်စွာပြီးမြှောက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ SNLD ဗဟိုကော်မတီဝင် မိုင်းရယ်မြို့နယ် လွှတ်တော်အမတ် စိုင်းစံဖေမှ တက်ရောက် အမှာစကားပြောကြားပြီး တန့်ယန်းမြို့မှ ပါတီဝင်အားလုံးအပြင် ကျေးရွာ အုပ်စု အသီးသီးမှ ပြည်သူ လူထု ၁၆၀ ဝန်းကျင်တက် ရောက်ခဲ့ပါသည်။

“ ကော်မတီသစ်ရွေးချယ်ပြီးရင်တော့ စည်းရုံးရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားမယ်။ ” ဟု တန့်ယန်းမြို့ SNLD ကော်မတီဝင်စိုင်းအောင်ဘက ပြောသည်။

အစည်းအဝေးတက်ရောက်လာကြသူပြည်သူလူထုမှ ရွေးချယ်ထားသော မြို့နယ်ပါတီအလုပ်အမှု ဆောင်အသစ် ၁၇ ဦးနှင့် ကော်မတီဝင် ၁၃ ဦးအပါအဝင် စုစုပေါင်း ကော်မတီဝင် ၃၅ ဦးဖြင့် ပြန်လည် ရွေးချယ်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

တန့်ယန်းမြို့ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရုံးခွဲကို ၇ ရက် ၁၁ လ ၂၀၁၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပါတီ ကော်မတီဝင် ၁၃ ယောက် ၊ ပါတီဝင်အင်အား ၁၀၀ ကျော်နှင့် စတင်ဖွဲ့စည်းခဲ့သည်။

No comments: