Khonumthung
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်ရှိ ကုမ်သီခန်းမကို ဖြိုဖျက်ပြီး မြို့နယ်ခန်းမဆောင်အသစ်တည်ဆောက်မည့် ချင်းပြည်နယ်အစိုးရ အစီစဉ် ကို ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများက ဆန့်ကျင်ကန့်ကွက်ကြသည်ဟု သိရသည်။
ချင်းပြည်နယ်အစိုးရ၏ မင်းတပ်မြို့တွင် မြို့နယ်ခန်းမတည်ဆောက်မည့်အစီစဉ်ကို ဒေသခံများအနေဖြင့်ကြိုဆိုကြ သော်လည်း ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ နှင့် နတ်ဘာသာအထိမ်းအမှတ်များတည်ရှိရာ အဆောက်အဦး ကုမ်သီ ခန်းမတည်နေရာတွင် တည်ဆောက်မည့်အစီစဉ်သည် ချိုးချင်းလူမျိုးများ၏ သမိုင်းကြောင်းယဉ်ကျေးမှု ထုံးထမ်းအစဉ် လာ နှင့် နိုင်ငံတော်အသိမှတ်ပြုနတ်ဘာသာတို့အား ထိခိုက်စော်ကားရာရောက်နေပါသဖြင့် အခြားသင့်လျော်မည့် နေရာတွင်သာ ရွေးချယ်ဆောက် လုပ်သင့်သည်ဟု မင်းတပ်မြို့ပေါ်ရှိ ဘာသာရေး၊ နိုင်ငံရေး နှင့် အရပ်ဘက်လူမှုအဖွဲ့အ စည်း ၁၂ ဖွဲ့က မေလ ၆ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ အပိုဒ်(ဃ)၊ ပုဒ်မ ၃၆၂၊ ပုဒ်မ ၃၆၃၊ ပုဒ် ၃၆၄ နှင့် ပုဒ်မ ၁၄ အခြေခံအခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂပဋိဥာဉ် စာချူပ်ပါပြဌာန်း ချက်နှင့်အညီ ချိုးချင်းလူမျိုးအစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်လာသည့် ကုမ်သီခန်းမအား ဖျက်သိမ်းပြီး မြို့နယ်ခန်းမကို အစားထိုးဆောက်လုပ်ရန် ရည်ရွယ်ချက်သည် အထက်ဖော်ပြပါပြဌာန်း ချက်များနှင့်ဖီလာဆန့်ကျင်နေပါသဖြင့် လက်ရှိပြည်နယ်အစိုးရအနေဖြင့် ပြန်လည်စဉ်းစားပြင်ဆင်သင့်သည်ဟု ကြေညာချက် တွင်ဖော်ပြ ထားသည်။
“ ကုမ်သီ’’ ဆိုသည်မှာ ချိုးချင်းလူမျိုးများ၏ အခေါ်အဝေါ်ဖြစ်ပြီး နှစ်သစ်ကူးခန်းမ ဆိုသည့် အဓိပ္ပါယ်ဖြစ်သည်။ ချိုးချင်းလူ မျိုးများတွင် တစ်နှစ်တစ်ခါကျင်းပလေ့ ရှိသော နှစ်သစ်ကူးပွဲတော်ကို အဆိုပါ ကုမ်သီ ခန်းမတွင် ကျင်းပလေ့ရှိသည်။ ကုမ်သီ ခန်းမသည် ချိုးချင်းလူမျိုးများ၏ တစ်ခုတည်းသာကျန်ရှိတော့သည့် ရိုးရာယဉ်ကျေး မှုအမွေအနှစ်အဆောက်အဦး ဖြစ်ပြီး နတ်တိုင် နှင့် ကျောက်ဖြာတို့မှာလည်း ယနေ့ထိတိုင် ရှိနေသေးသည်ဟုသိရသည်။
ချင်းပြည်နယ်အစိုးရအနေဖြင့် ကုမ်သီခန်းမဆောင်အား ဖြိုဖျက်မည့်အစား ပြင်ဆင်မွမ်းမံပေးခြင်း၊ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးနိုင်မည်ဆိုပါက လူမျိုးတစ်မျိုး၏ ရိုးရာဓလေ့ယဉ်ကျေးမှု နှင့် ကိုယ်းကွယ်ရာဘာသာတရားကို ထိန်း သိမ်းမြှင့်တင်ပေးရာလည်းရောက်မည်ဖြစ်သည်ဟု အဆိုပါကြေညာချက်တွင်ဖော်ပြထားသည်။
ထိုသို့မဟုတ်ဘဲ ကုမ်သီခန်းမဆောင်အား ကျူးကျော်ထိခိုက်မှုများရှိလာပါက ချိုးချင်းလူထုများနှင့်အရပ်ဖက်အဖွဲ့အစည်း များ၊ ဘာသာရေးနှင့်နိုင်ငံရေးများ အနေဖြင့် ပြင်းထန်စွာကန့်ကွက်သွားကြမည်ဟုသိရသည်။
ကုမ်သီခန်းမဆောင်ကို ၁၉၅၆ ခုနှစ်ခန့်က မြေပိုင်ရှင် မောင်းချောင်းတိုက် နယ်ဟမ်းဘုံရွာမှ ဦးလိန်းထန်းကီးနှင့် ချိချောင်း တိုက် နယ်ကျော့တော်ရွာနေ ဦးရွီဟာတို့မှ မြေကွက်လှူဒါန်းခဲ့ကြပြီး ၁၉၆၃ ခုနှစ်တွင် စာရေးဆရာဦးသိန်းဖေမြင့် နှင့် ချင်းရေးရာဦးစီးအဖွဲ့ဝင် ဦးဝမ္မသူးဟာရှိန်းတို့မှ ငွေကြေားလှူဒါန်း၍ စတင်ဆောက်လုပ်ခဲ့ကြသည်ဟု သိရသည်။

No comments:
Post a Comment