Monday, May 25, 2015

လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်း ဥပဒေ သမ္မတ လက်မှတ်ထိုး

DVB

လူဦးရေးတိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို မြန်မာ သမ္မတ ဦးသိန်းစိန်က မေ ၂၃ ရက်က လတ်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်တယ်လို့ နိုင်ငံပိုင် သတင်းတွေမှာ ဖော်ပြပါတယ်။

ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ လူဦးရေတိုးပွား နှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ တလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်း စတဲ့ အမျိုးစောင့်ဥပဒေကြမ်း ၄ ခု အနက် ပထမဆုံး သမ္မတက အတည်ပြုလိုက်တဲ့ ဥပဒေ တခုဖြစ်ပါတယ်။

ပြည်ထောင်စု လွှတ်တော်က ဥပဒေကို အတည်ပြုခဲ့ပြီးနောက် သမ္မတက လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းနဲ့ မကိုက်ညီတဲ့ အတွက် ဒီဥပဒေကို လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အမေရိကန် သံတမန်တွေ ကန့်ကွက်နေပါတယ်။

ဥပဒေရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ ဘလစ်ကင်က မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ သတိပေးခဲ့ပေမယ့် သူထွက်ခွာပြီး နာရီပိုင်းအကြာမှာ လတ်မှတ်ရေးထိုးလိုက်တာလို့ အေပီသတင်းက ရေးပါတယ်။

ဥပဒေက လူဦးရေ ထူထပ်တဲ့ ဒေသတွေမှာ ကလေး မွေးဖွားမှုနဲ့ပတ်သက်ပြီး သားဆက်ခြား လုပ်ပိုင်နိုင်ခွင့်ကို ဒေသခံ အာဏာပိုင်တွေကို ပေးထားတယ်လို့ ဆိုပါတယ်။

အစိုးရကတော့ ဒီဥပဒေက မိခင်နဲ့ ကလေးမွေးဖွားသေဆုံးမှုကို လျော့ချဖို့ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

No comments: