Tuesday, March 23, 2010

ကေအိုင်အိုက နယ်ခြားစောင့်တပ် လက်ခံရေး ကေဘီစီ ခေါင်းဆောင်များ ဖိအားပေးခြင်းခံရ

KNG

၃၆ ကြိမ်မြောက် ကေဘီစီပွဲတော်ကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမဲ့ ဗန်းမော် ကချင်နှစ်ခြင်းခရစ်ယန် အသင်းတော်က ခေါင်းဆောင်တွေဟာ ကေအိုင်အိုကို နယ်ခြားစောင့်တပ်လက်ခံဖို့ တိုက်တွန်းရန် ညွန်ကြားခြင်းခံနေရပါတယ်။

ဒီလ ၇ ရက်နေ့က စစ်အစိုးရရဲ့ ဗန်းမော် အခြေစိုက် စကခ ၂၁ ကွက်ကဲ ရေးမှူး၊ ဗိုလ်မှူးချုပ် စိုးဝင်း သို့ ကေဘီစီ ညီလာခံ ပွဲမိန့် တောင်းဖို့ အသင်းတော်ခေါင်းဆောင်များသွားရောက်တွေ့ဆုံခဲ့ရာမှာ အခုလို ညွန်ကြားခံရတာ ဖြစ်ကြောင်း အသင်း တော်ခေါင်း ဆောင်များ ပြောပါတယ်။

ဗိုလ်မှူးချုပ် စိုးဝင်း က အသင်းတော်ခေါင်းဆောင်များကို “ကေအိုင်အို အား နယ်ခြားစောင့်တပ် ကို လက်ခံရန် တိုက်တွန်းကြပါ။ အဲဒီ့ကိစ္စ ဆရာတို့ လက်မှာရှိတယ်” ဆိုပြီးညွန်ကြားခဲ့တယ်လို့ အသင်းတော်ဆရာတွေက ပြောပါတယ်။

၎ နှစ်တကြိမ် ကျင်းပလေ့ရှိတဲ့ ကချင်နှစ်ခြင်းခရစ်ယန်အဖွဲ့ချုပ် ကေဘီစီ ရဲ့အကြီးဆုံး ဘာသာရေးပွဲ တော်ကို ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီလ ၂၇ မှ ၃၁ ရက်ထိ ဗန်းမော်မြို့ကချင်နှစ်ခြင်းခရစ်ယန် ဘုရားကျောင်းတွင် ကျင်းပမည်ဖြစ်တယ်။

၅ ရက်ကြာပြုလုပ်မယ့် ဒီ ၃၆ ကြိမ်မြောက် ကေဘီစီ ညီလာခံကြီးတွင် ကေဘီစီ ရုံးအမှုထမ်းသစ်များကို နှစ်ခြင်းဘာသာဝင် လူထုမှ ရွေးကောက် တင်မြောက်ခြင်း နဲ့ ကေဘီစီ အောက်ရှိ ကချင်ဓမ္မကောလိပ်ရဲ့ ကျောင်းအုပ်ကိုလည်း ရွေးကောက်တင်မြောက်မည်ဖြစ်တယ်လို့ ကေဘီစီ သတင်းရပ်ကွက်က ဆိုပါတယ်။

ဒီပွဲတော်ကို အိမ်ရှင်အဖြစ်လက်ခံမယ့် ဗန်းမော် ကချင်နှစ်ခြင်း ခရစ်ယန်အသင်းတော်က ညီလာခံတက်ရောက်မယ့် ဧသည်ထောင်သောင်းအတွက် နေရာထိုင်ခင်းများကို ဘုရားကျောင်းအတွင်း အပြင် ပြင်ဆင်ပေးနေကြောင်း အသင်းတော်ကဆိုပါတယ်။

No comments: