Sunday, March 21, 2010

စစ်အစိုးရကို ဖိအားပေးရန် UNA မှ ကမ္ဘာ့အင်အားကြီးနိုင်ငံများအားတောင်းဆို

ကို(၂)

စစ် အစိုးရမှ ကျင်းပပြု လုပ်မည့် ၂၀၁၀ ရွေးကောက်သည် လွတ်လပ်ပြီး တရား မျှတမှု မရှိသည့်အတွက် အစိုးရ ကိုတစုံတရာ ဖိအား ပေးမှုများ ပြုလုပ်ရန် မြန်မာ နိုင်ငံမှ အမျိုးသား စည်းလုံး ညီညွတ်ရေး မဟာမိတ် အဖွဲ့က ကုလသမဂ္ဂ လုံခြုံရေး ကော်စီထံ အပြင်၊ ကုလ သမဂ္ဂ၏ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံထံကို မတ်လ ၁၆ရက်နေ့က တိုက်တွန်း တောင်းဆို လိုက်သည်။

စစ်အစိုးရမှ တဖက်သတ် အတည်ပြုထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဥပဒေသည် လွတ်လပ်ပြီး တရားမျှတမှုမရှိသည့် အတွက် ဖိအားပေးရန့် United Nationalities Alliance (UNA) အဖွဲ့မှ ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက် ခြင်းဖြစ်သည်။

“စစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေက ယူအဲန်ရဲ့ အကြံပေးချက်တွေမပါတဲ့အပြင် အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းရဲ့ အမြင်နဲ့ဆန့်ကျင်နေပါတယ်၊ မြန်မာနိုင်ငံပြည်သူတွေရဲ့ ဆုံးဖြတ်ချက်နဲ့လည်း ကိုက်ညီမှု မရှိပါဘူး။” ဟု ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံပြီး တပ်မတော်သားများသည် လွှတ်တော်အမတ် ၂၅ ရာခိုင်းနှုန်းကို ကာကွယ်ရေးဦးစီးချုပ်၏ ခန့်အပ်မှုဖြင့် ပါဝင်ရမည်ဆိုသည့် အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများအား ကန့်သတ်ထားခြင်းများကြောင့် ထိုရွေးကောက်ပွဲ ဥပဒေကို ပြန်ပြင်ရန် လိုအပ်သည်ဟုလည်း ဝေဖန်မှုများရှိခဲ့သည်။

UNA တောင်းဆိုချက်များသည် အကျဉ်းသားများအားလုံးလွတ်ပေးရေး၊ ဒီမိုကရေစီအင်အားစုကို ဦးဆောင်သည့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်တိုင်းရင်းသား အင်းအားစုတို့နှင့် တွေ့ဆုံဆွေးနွေးရေး၊ တိုင်းရင်းသားနယ်မြေတွင်း ထိုးစစ်ဆင်ရေးများ ရပ်တန့်ရေး၊ အားလုံးပါဝင်နိုင်ပြီး တရားမျှတ လွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်ပေါ်လာရေးအတွက် တိုက်တွန်းထားသည်။

မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဥပဒေအပေါ် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ သြစတေးလျ၊ ဖိလစ်ပိုင်၊ ဥရောပသမဂ္ဂအဖွဲ့အစည်းတို့မှလည်း ဝေဖန်နေကြသည်။

တဆက်တည်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေကို လက်မခံကြရန် မြန်မာ့အရေးဆောင်ရွက် နေသည့် အာဆီယံလွှတ်တော်အမတ်များက တိုက်တွန်းမှုများ ပြုလုပ်ခဲ့သည်။

UNA ၏တောင်းဆိုချက်များအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂ အမြဲတမ်းအဖွဲ့ဝင်များဖြစ်သည့် တရုတ်၊ ရုရှ၊ ပြင်သစ်၊ ဗြိတိန်၊ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတို့မှမည်သည့်တုံ့ပြန်မှုများမရှိသေးကြောင်းသိရသည်။

No comments: