Monday, March 22, 2010

ဗမာစစ်တပ် အရာရှိများ ရာထူး ပြောင်းရွှေ့

Monday, 22 March 2010 18:04 စိုင်းမျိုးကြီး

နေပြည်တော် ကာကွယ်ရေးဋ္ဌာန လက်အောက်ရှိ စစ်တိုင်းအသီးသီးမှ စစ်ဘက်အရာရှိများနှင့် အရပ်ဘက်အရာ ရှိ စုစုပေါင်း ၅၀၀ခန့်အား မတ်လလယ်ပိုင်းက ရာထူးပြောင်းရွှေ့ခဲ့ကြောင်း စစ်ဘက်သတင်းရပ်ကွက်များ အဆို အရ သိရသည်။
ဗမာစစ်တပ်၏် တတိယတန်းစား စစ်ဘက်ရာထူးများ ဖြစ်သော ဗိုလ်မှူးကြီး ၊ ဒု - ဗိုလ်မှူးကြီး နှင့် ဗိုလ်မှူး အဆင့်ရှိ အရာရှိ ၂၀၀ ခန့်နှင့် ၀န်ကြီးဋ္ဌာန လက်အောက်ရှိ အရပ်ဘက်ဝန်ထမ်း အရာရှိ ၃၀၀ ခန့် ပါဝင်သည်။

ယခုပြောင်းရွေ့မှုတွင် ပါဝင်သည့် စစ်အရာရှိများမှာ ဗျူဟာမှူး ၊ တပ်ရင်းမှူး ၊ စစ်ဦးစီးမှူး ပထမတန်း နှင့် သင်တန်း ကျောင်း စစ်ဦးစီးရုံးများ၌ တာဝန်ထမ်းဆောင်သူများ ဖြစ်သည်ဟု သိရသည်။

စစ်ဘက်အရာရှိအများစုကို တဆင့်မြှင့်ရာထူးတိုးမြှင့်ခဲ့ပြီးတချို့မှာ အရပ်ဘက်ဋ္ဌာနဆိုင်ရာများသို့ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။

သျှမ်းပြည် (မြောက်ပိုင်း) လားရိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ မှ ဒု ဗိုလ်မှူးကြီး အဆင့်ဖြင့် တပ်ရင်းမှူး တာဝန်ထမ်းဆောင်ကြသူ အရာရှိများလည်း ယခုရာထူးရွှေ့ပြောင်းမှုတွင် ပါဝင်ကြောင်း သိရသည်။

ယခုနှစ် ဇန္နဝါရီလပိုင်းက ဗမာစစ်တပ်အတွင်း ရာထူးပြောင်းရွှေ့မှုများအနက် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်မြ၀င်းအား ရာထူးမှအနားပေးခဲ့ကြောင်း အဆိုပါ သတင်းရပ်ကွက်မှ တဆင့်သိ ရသည်။

No comments: