Saturday, February 26, 2011

ကချင်နယ်အတွင်း စစ်တပ်များ ပိုမိုဝင်ရောက်

ဖနိဒါ

ကချင်ပြည်နယ်သို့ စစ်အစိုးရတပ်မှ အနည်းဆုံး စစ်သည် ၂ဝဝ ရှိ တပ်အသစ်များ ယခုတပတ်အတွင်း ပိုမိုဝင်ရောက်လာကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် လေ့လာသူများက ပြောသည်။

စစ်သည်တင် တင့်ကား တဒါဇင်ခန့်ကို ဧရာဝတီမြစ်အရှေ့ဘက် ဗန်းမော်မြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ ၅၈ သို့ ပို့ဆောင်မှုများကို အင်္ဂါနေ့ကတည်းက ပြုလုပ်နေခဲ့သည်ဟု ဆိုသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်ခဲ့သော KIO သည် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအစီအစဉ်ကို KIO ဘက်က လက်မခံသဖြင့် စစ်အစိုးရက ပြီးခဲ့သည့်နှစ် စက်တင်ဘာကတည်းက KIO ၏ ခရီးသွားလာခွင့်ကို ထိန်းချုပ်ခဲ့ပြီးနောက် နှစ်ဖက်ကြား ဆက်ဆံရေး တင်းမာနေခဲ့သည်။

No comments: